Categories: Celebrity News

MONSTA X Online World Tour ရဲ့ အမေရိကန်နဲ့ ကနေဒါအတွက်ဖျော်ဖြေမယ့် နေ့ရက်ကိုထုတ်ပြန်

Covid-19 ကပ်ရောဂါကြောင့် ဒီနှစ်ထဲမှာပြုလုပ်မယ့် MONSTA X ရဲ့ World Tour ရော ဆိုးလ်ဖျော်ဖြေပွဲရော ရပ်ဆိုင်းထားခဲ့ရတာကြောင့် ပရိတ်သတ်တွေမချင့်မရဲ့ဖြစ်ခဲ့ရပါတယ်။ ဒီလိုအနှောင့်အယှက်တွေရှိလာပေမယ့်MONSTA X နဲ့ပရိတ်သတ်တွေနဲ့ ထိတွေ့နိုင်ဖို့ MONSTA X LIVE ဆိုတဲ့ခေါင်းစဉ်နဲ့ LiveXLive ကနေတဆင့် online ဖျော်ဖြေပွဲကျင်းပဖို့စီစဉ်နေခဲ့တာ အားလုံးလည်းအသိပါ။

ဒီဖျော်ဖြေပွဲကလည်း July လထဲမှာကျင်းပဖို့ရှိခဲ့ပေမယ့် Shownu ရဲ့မျက်လုံးခွဲစိတ်မှုကြောင့် ဒဏ်ရာသက်သာလာတဲ့အချိန်ထိရွှေ့ဆိုင်းခဲ့ရပါတယ်။ ဇူလိုင်လ ၁၄ ရက်မှာတော့ U.S နဲ့ ကနေဒါအတွက် Tour Dates တွေစတင်ထုတ်ပေးလိုက်တဲ့ အတွက်အကြာကြီးစောင့်ခဲ့ရာကနေ တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပရိတ်သတ်တွေ သက်ပြင်းချနိုင်ခဲ့ပါပြီ။

Date တွေကတော့ ၂၀၂၁ ၄လပိုင်း ၂၀ရက်နေ့မှာ အမေရိကန်နိုင်ငံ Washington.D.C ကစလို့ ၅လပိုင်း ၂၁ရက်နေ့မှာ Los Angeles အထိပါ။ ပရိတ်သတ်တွေကတော့ တခြားအေဂျင်စီတွေကလည်း Dates တွေမထုတ်ပေးသေးတာမို့ စိတ်ချလက်ချမပျော်နိုင်သေးပေမယ့် ဒါကမတွေ့ရတာကြာတဲ့ ကိုယ့် idol တွေကို ဖန်သားပြင်ပေါ်ကပဲဖြစ်ဖြစ်တွေ့ရမယ့်မျှော်လင့်ချက်တစ်ခုပါပဲ။

source: koreaboo
written: helra

Share