Good Data Corporation ကနေ အပတ်စဉ်ထုတ်ပြန်တဲ့ most buzzworthy drama စာရင်းဟာ ဇူလိုင်ပထမပတ်အတွက် ထွက်ရှိလာပါပြီ။ ကိုရီးယားမှာ ရေပန်းအစားဆုံးဒရမ်မာစီးရီးတွေထဲ ကိုယ့်ရဲ့အကြိုက်ဆုံးတွေ ဘယ်နေရာမှာရှိနေမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်။
၁။ It’s Okay To Not Be Okay
ကိုရီးယားမှာတင်မက ကမ္ဘာတစ်လွှားက ကေဒရမ်မာချစ်သူတွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားနေတဲ့ ဒီဇာတ်လမ်းတွဲကတော့ most buzzworthy series တွေထဲ နံပါတ် ၁ ချိတ်နေတာ အတော်ကြာပါပြီ။
၂။ Once Again
KBS ရဲ့ ဇာတ်လမ်းတွဲရှည်တစ်ခုဖြစ်တဲ့ Once Again ကလဲ ကိုရီးယားပြည်သူတွေကြားမှာ ရေပန်းစားပါတယ်။ နံပါတ် ၂ နေရာမှာ နှစ်ပတ်ဆက်တိုက် ရပ်တည်နေတာပါ။သရုပ်ဆောင် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့မို့ ကြာလေ rating တက်လေပါပဲ။
၃။ Backstreet Rookie
Ji Chang Wook နဲ့ Kim Yoo Jung တို့ရဲ့ အချစ်ဟာသဇာတ်လမ်းတွဲလေးဟာလဲ အပြစ်ရှာဝေဖန်ခြင်းတွေ အမျိုးမျိုးခံရပေမယ့် ဒီအပတ်မှာ rating အမြင့်ဆုံးထိတက်လာခဲ့ပြီး နံပါတ် ၃ ဖြစ်ပါတယ်။
၄။ Graceful Friends
စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်အိမ်နဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့် ဒီဇာတ်လမ်းတွဲကတော့ စတင်ထုတ်လွှင့်တဲ့အပတ်မှာပဲ ပရိတ်သတ်အကြိုက်တွေ့ခဲ့ပြီး နံပါတ် ၄ နေရာအထိ တက်လှမ်းခဲ့ပါတယ်။
၅။ Men Are Men
အပျိုကြီးမမ အဖြစ်သရုပ်ဆောင်ထားတဲ့ Hwang Jung Eum ရဲ့ အချစ်ဟာသဇာတ်လမ်းတွဲသစ်လေး Men Are Men ကလဲ ပထမပိုင်းနဲ့တင် ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းလေးဖြစ်တာမို့ နောက်ဆိုရင်ထိပ်ပိုင်းကို တက်လာမယ့်ပုံပါပဲ။
၆။ My Unfamiliar Family
အရွယ်ရောက်လာတဲ့အခါဖြစ်တတ်တဲ့ လူတွေရဲ့သဘောသဘာဝနဲ့ သွေးသားတော်စပ်မှုနဲ့ဖွဲ့စည်းထားသည်ဖြစ်စေ ချစ်ခြင်းနဲ့ဖွဲ့စည်းထားသည်ဖြစ်စေ မိသားစုရဲ့ တန်ဖိုးရှိမှုကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးပါပဲ။
၇။ The Good Detevtive
ရဲဝန်ထမ်းစုံထောက်တွေရဲ့ ဘဝဖြတ်သန်းပုံနဲ့ အမှန်တရားကိုထုတ်ဖော်ဖို့ ကြိုစားကြပုံကို စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲတစ်ခုပါ။ ဇူလိုင် ၆ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ပြီး ပရိတ်တွေရဲ့ ကောင်းမွန်တဲ့မှတ်ချက်တွေရခဲ့ပါတယ်။
၈။ Was It Love?
Song Jihyo ရဲ့ဇာတ်လမ်းတွဲသစ်လေးဖြစ်ပြီး ထက်မြက်တဲ့ single mother အဖြစ်သရုပ်ဆောင်ထားပါတယ်။ သဘာဝကျကျလေးနဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးမို့ rating လဲ မဆိုးလှပါဘူးနော်။
၉။ She Knows Everything?
တိုက်ခန်းအိမ်ရာတစ်ခုကို အခြေတည်တဲ့မှုခင်းဇာတ်လမ်းတွဲလေးဖြစ်ပြီး ကိုရီးယား မှုခင်းဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း လှည့်ကွက်မြုပ်ကွက်တွေနဲ့ စိတ်ဝင်စားစရာမို့ လူကြိုက်များပါတယ်။
၁၀။ Dinner Mate
မင်းသား Song Seung Hoon နဲ့ မင်းသမီး Seo Ji Hye တို့ပါဝင်ထားပြီး ဇာတ်လမ်းအေးအေးလေးနဲ့ ကြည်နူးစရာကောင်းတာမို့ အတော်လေးအောင်မြင်တဲ့ဇာတ်လမ်းတွဲလို့တော့ ဆိုနိုင်ပါတယ်။ Good Corporation Data ဟာ တောင်ကိုရီးယားနိုင်ငံအခြေစိုက် စစ်တမ်းသာဖြစ်ပြီး ကိုရီးယားရဲ့အသုံးများတဲ့ SNS တွေမှာသာ စာရင်းကောက်ယူထားတာဖြစ်လို့ နိုင်ငံတကာပရိတ်သတ်နဲ့ သဘောထားချင်း မကိုက်ညီခဲ့ဘူးဆိုရင်တော့ နားလည်ပေးကြဖို့ တောင်းဆိုပါတယ်။
source: good data corporation
written: Dar Dar