Categories: Celebrity News

Park Bom ကြောင့် စတိတ်စင်ပေါ်မှာတင် မျက်ရည်ကျခဲ့ရတဲ့ Hwasa

Hwasa ဟာ Park Bom ကြောင့် မျက်ရည်ကျခဲ့ရတဲ့ အခိုက်အတန့်ရှိခဲ့ဖူးပါတယ်။ ဒါကတော့ MAMAMOO အဖွဲ့နှင့်အတူ “gogobebe” သီချင်းအတွက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့စဉ်ကပါ။ MAMAMOO အဖွဲ့ဟာ “gogobebe” သီချင်းဖြင့် Music show တွေမှာ အကြီမ်ပေါင်းများစွာ နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ပါတယ်။

“gogobebe” သီချင်းဟာ “Mcountdown” မှာလည်း နံပါတ် ၁ နေရာ ရခဲ့စဉ်က Park Bom လည်း ရှိနေခဲ့ပါတယ်။ MAMAMOO ရဲ့ ပရိတ်သတ်တွေဟာ Park Bom နဲ့ လက်ဆွဲနှုတ်ဆက်ပီးနောက် ငိုနေခဲ့တဲ့ Hwasa ကို မြင်တွေ့လိုက်ရတဲ့အခါမှာတော့ အံ့အားသင့်သွားခဲ့ရပါတော့တယ်။

Hwasa က နောက်တော့ သူငိုခဲ့တဲ့အကြောင်းအရင်းကို Fan Sign တစ်ခုမှာရှင်းပြခဲ့ပါတယ်။ ” အဲ့အချိန်တုန်းက ကျွန်မ Park Bom ဆန်းဘေး နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တာလေ။ ကျွန်မ အလယ်တန်း ကျောင်းသူဘဝကတည်းက 2NE1 ရဲ့ Video တွေအများကြီးကို ကြည့်ခဲ့ပြီး Wheein နဲ့လည်း အမြဲအတူတူ ကခဲ့ရတာပါ။

ခုတော့ ကျွန်မ Park Bom ဆန်းဘေးနဲ့ လက်ဆွဲနှုတ်ဆက်ခွင့်တောင် ရခဲ့ပါပီ။ အဲ့လို အတွေးတွေ ဝင်လာတာကြောင့် ကျွန်မ မျက်ရည်ကျခဲ့ရတာပါ။ ” လို့ Hwasa က ပြောခဲ့ပါတယ်။ Hwasa ဟာ 2NE1 ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်း MAMAMOO ရဲ့ ပရိသတ်တွေသိကြမှာပါ။

၂၀၁၅ ခုနစ်တုန်းကလည်း 2NE1 ရဲ့ “First Mini Album” ကို နားထောင်ဖို့ ပရိတ်သတ်တွေကို တိုက်တွန်းခဲ့ဖူးပါတယ်။ Hwasa ဟာ ပွဲဦးမထွက်ခင်ကလည်း Wheein နဲ့ 2NE1 ရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ ” I don’t care” ကိုလည်း သီဆိုဖျော်ဖြေခဲ့ဖူးပါတယ်။

ကိုယ်ချစ်ရတဲ့ Idol ကို အဝေးတနေရာကနေသာ လှမ်းမျှော်ကြည့်ရှုခဲ့ရတဲ့ သာမာန်ကျောင်းသူလေးဘဝကနေ ဒီလို စတိတ်စင်တစ်ခုထဲမှာ ရပ်နိုင်တဲ့အထိ အောင်မြင်နေတဲ့ Hwasa အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာပါ။

Source: Koreaboo
Written: Gyi Gyi

Share