Categories: Celebrity News

Kim Min Jae နဲ့ Park Eun Bin တို့ရဲ့ ဇာတ်လမ်းတွဲသစ် “Do You Like Brahams?”

Kim Min Jae နဲ့ Park Eun Bin တို့ရဲ့ ဇာတ်လမ်းတွဲသစ်ကို ကြည့်ရဖို့ ရက်တွေနီးကပ်လာပါပီနော်။ Kim Min Jae ကတော့ Romantic Dr. Kim ဇာတ်လမ်းတွဲမှ ရုပ်ရည်ချောမောတဲ့ သူနာပြုကောင်လေးအဖြစ် လူသိများခဲ့တာပြီး Park Eun Bin ကတော့ The Ghost Detective၊ Judge vs Judge စတာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။

Do You Like Brahams ကတော့ Classical Music ကိုလေ့လာဆည်းပူးနေတဲ့ ကျောင်းသားလေးတွေရဲ့ မေတ္တာရေးနဲ့ ဘဝအိပ်မက်တွေအကြောင်းကို အခြေခံရိုက်ကူးသွားမှာပါ။ Kim Sung Cheol, Park Ji Hyun, Lee Yoo Jin နဲ့ Bae Da Min အစရှိတဲ့ သရုပ်ဆောင်တွေမှလည်း ပါဝင်အားဖြည့်သွားမှာပါ။

SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။
Park Eun Bin ကတော့ Violin မေဂျာမှ ကျောင်းသူလေးအဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပြီး Kim Min Jae ကတော့ ရုပ်ရည်ချောမောပြီး ကြင်နာတတ်တဲ့ ကမ္ဘာ့အကျော်အမော် စန္ဒယားပညာရှင် Park Joon Young အဖြစ် သရုပ်ဆောင်သွားမှာပါ။

“Do You Like Brahams” ကို ဩဂုတ်လ ၃၁ မှ စတင်ထုတ်လွှင့်ပြသသွားတော့မယ်လို့ SBS မှ ကြေညာထားပါတယ်။ ငြိမ့်ညောင်းတဲ့ ဂီတသံလေးတွေ၊ စိတ်ဝင်စားစရာဇာတ်အိမ်တွေနဲ့ ဖန်တီးထားတဲ့ Kim Min Jae နဲ့ Park Eun Bin တို့ရဲ့ ဇာတ်လမ်းတွဲသစ် “Do You Like Brahams” ကလည်း ၂၀၂၀ ရဲ့ ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုလို့ မြင်မိပါတယ်။

Source: Soompi
Written: Gyi Gyi

Share