Categories: Celebrity News

တစ်လတာ လစာကို Kim Soo Hyun အတွက် သုံးစွဲလိုက်တဲ့ Lee Hong Ki

လတ်တလောမှာ Kim Soo Hyun ဟာ “Psycho but It’s Okay” ဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေးတွေလုပ်နေတာပါ။ ဒါ့ကြောင့် Kim Soo Hyun ရဲ့ ရင်းနှီးသူအများအပြားဟာ ရိုက်ကူးရေးသို့ Food Truck တွေ ပေးပို့ပြီး Kim Soo Hyun ကို အားပေးနေကြတာပါ။

ဒီထဲမှာ စစ်မှုထမ်းနေတဲ့ Lee Hong Ki လဲ ပါဝင်ခဲ့ပါတယ်။ Lee Hong Ki ကတော့ သူပြောချင်တဲ့ စာသားအချို့နဲ့ Kim Soo Hyun အတွက် Food Truck ပို့ပေးခဲ့တာပါ။ ရေးထားတာတွေကတော့ ” ဒါက ချစ်စရာကောင်းတဲ့ Kim Soo Hyun နဲ့ ရိုက်ကူးရေး အဖွဲ့သားတွေအတွက်ပါ။

အစ််ကို Soo Hyun ကို ဂရုစိုက်ပေးကြပါ” ပဲဖြစ်ပါတယ်။ နောက်ထပ် ထပ်မံဖြည့်စွက်ထားသေးတာကတော့ ” ကျွန်တော့ စစ်မှုထမ်းလို့ရတဲ့ တလစာ လစာကို အကုန်သုံးထားတာ။ အစ်ကို ~ ဒီ Food Truck ကနေ အင်အားတွေအများကြီးရပါစေ” ဆိုပြီးလည်း စနောက်ထားပါသေးတယ်။

Kim Soo Hyun ဟာလည်း Lee Hong Ki ပို့ပေးခဲ့တဲ့ Food Truck ရှေ့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို Instagram မှာ တင်ခဲ့ပြီး စစ်သားလေး Lee Hong Ki အတွက် ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ “ကျေးဇူးတင်ပါတယ်။

Hong Ki ကို စစ်ထဲမှာ ကောင်းကောင်းစောင့်ရှောက်ပေးကြပါ” ဆိုပြီးတော့ပါ။ Kim Soo Hyun နဲ့ Lee Hong Ki တို့ဟာ Bowling အတူတူဆော့ရင်းမှ သူငယ်ချင်းဖြစ်ခဲ့ကြတာလို့ သိရပါတယ်။ သူတို့ရဲ့ Friendship လေးက ချစ်စရာကောင်းလိုက်တာနော်။

Source: SBS Star
Writing: GyiGyi

Share