Categories: Celebrity News

Jennie ကြောင့် တစ်လအတွင်း ဝမ် 2.5 billion ဝင်ငွေရသွားတဲ့ Air Baked

Lotte Confectionary ရဲ့ အစားအသောက်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Air Baked အတွက် Jennie ဟာ မော်ဒယ်အဖြစ် ကြော်ငြာပေးခဲ့တယ်ဆိုတာ အားလုံးအသိပါပဲ။ ဘာကြော်ငြာရိုက်ရိုက် hit product ဖြစ်တဲ့ Jennie ဟာ ဒီတစ်ခေါက်လဲ အာလူးကြော်ကိုတောင် sold out ဖြစ်အောင်လုပ်ရုံတင်မက ဝင်ငွေစံချိန်တင်အောင်ပါ ဖန်တီးပေးလိုက်ပါပြီ။

Jennie ကြော်ငြာရိုက်ကူးပေးအပြီးမှာ Air Baked brand တစ်ခုထဲကနေ တစ်လအတွင်းကိုရီးယားဝမ် 2.5 billion (US$2.1 million) ရှာလိုက်နိုင်တယ်လို့ koreaboo သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါဟာ ကိုရီးယားရဲ့စားသောက်ကုန်လုပ်ငန်းမှာ တစ်လအတွင်းအများဆုံးရတဲ့ ဝင်ငွေပါတဲ့။

အရင်က အများဆုံးရောင်းခဲ့ရတဲ့ စားသောက်ကုန်ဟာ တစ်လအတွင်း ကိုရီးယားဝမ် 1 biliion ကျော်သာရောင်းချခဲ့ရတာမို့ Jennie ဟာ BLACKPINK နဲ့ စံချိန်တွေချိုးရုံသာမက အစားအသောက်ရဲ့ရောင်းအားကိုပါ စံချိန်ချိုးအောင်လုပ်လိုက်တာမို့ အစွမ်းကတော့ အံ့မခန်းပါပဲနော်။

ကိုရီးယားထိပ်တန်းစီးပွားရေးလုပ်ငန်းဖြစ်တဲ့ Lotte ဟာအစတည်းက snacks တွေနဲ့ပတ်သတ်ရင် နာမည်ကြီးတာဖြစ်ပြီး အခုလို ထုတ်ကုန်သစ်အတွက် Jennie နဲ့လက်တွဲလိုက်တာတော့ အကောင်းဆုံးရွေးချယ်မှုပါပဲ။ Jennie ရဲ့ကြော်ငြာ video ကလဲ ကြည့်ရှုသူ 3 million နီးပါးရရှိနေပါပြီ။

source: koreaboo
written: Dar Dar

Share