ကျောင်းဆိုတာ ဘာပဲပြောပြော ကျောင်းသူကျောင်းသားတွေအတွက် အနည်းနဲ့အများတော့ စိတ်ဖိစီးမှုရှိတဲ့နေရာတစ်ခုပါ။ ဒီစိတ်ဖီစီးမှုကို ထိန်းချုပ်နိုင်ပြီး ညဏ်လည်းကောင်းလို့ ကျောင်းတုန်းကစာတော်ခဲ့တဲ့ အနုပညာရှင်အချို့ကိုဖော်ပြလိုက်ပါတယ်။
Nam Ji Hyun
Nam Ji Hyun က ၂၀၁၄ ခုနှစ်ကတည်းက Sogang University မှာ စိတ်ပညာဘာသာရပ်နဲ့ တက္ကသိုလ်စတက်ခဲ့ပြီး ဒီနှစ်ဆန်းမှာ ဘွဲ့ရခဲ့ပါတယ်။ သူမက အလယ်တန်းကို ပထမအဆင့်နဲ့အောင်မြင်ခဲ့တဲ့ ထူးချွန်တဲ့ ကျောင်းသူတစ်ဦးဖြစ်ပြီး အထက်တန်းတုန်းကလည်း ဘယ်တော့မှ အဆင့် ၅ အောက်ကိုမကျဖူးပါဘူးတဲ့။ ဒါတောင် အဲဒီအချိန်တုန်းက သူမအနုပညာလှုပ်ရှားမှုတွေ စတင်နေပြီနော်။
Kim Tae Hee
ရုပ်ကလေးချောသလောက် ပညာလည်းထူးချွန်တဲ့ Kim Tae Hee က အလယ်တန်းတုန်းကဆို ဘာသာရပ်တိုင်းလိုလို အမှတ်ပြည့်ရခဲ့ပါတယ်တဲ့။ သူမရဲ့ဆရာမဟောင်းတစ်ဦးက သူမဟာ အတန်းထဲစာသက်နေချိန်မှာ အပြည့်အဝအာရုံစိုက်တတ်ပြီး သူမလိုထူးချွန်တဲ့ကျောင်းသားမျိုး ဆရာမသက်တမ်းတစ်လျှောက် ထပ်မတွေ့ဖူးဘူးလို့တောင် ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ဝင်ခွင့်အရမ်းခက်ပြီး ကျောင်းသားတွေရဲ့ ၁% လောက်သာလက်ခံတဲ့ Seoul National University ကျောင်းဆင်းတစ်ဦးလည်းဖြစ်ပါတယ်။
Yoo In Na
SBS ရဲ့အစီအစဉ်တစ်ခုမှာ Yoo In Na ကိုယ်တိုင်ကသူမငယ်ငယ်ကကျောင်းမှာ စာတော်တဲ့အကြောင်းဖွင့်ဟခဲ့ပါတယ်။ မူလတန်းတုန်းအောင်တုန်းကလည်း ပထမအဆင့်နဲ့အောင်မြင်ခဲ့တာပါတဲ့။ တစ်ခါဆို အတန်းထဲမှာ အမှတ်ပြည့်ရတဲ့သူကသူမတစ်ဦးတည်းမို့လို့ ဆရာမက လှိုက်လှိုက်လှဲလှဲချီးကျူးတာတောင်ခံခဲ့ရပါတယ်။
Super Junior’s Kyuhyun
Kyuhyun က Running Man အပိုင်းတစ်ခုမှာ သူ့ရဲ့ငယ်ဘဝကိုပြောပြရင်းနဲ့ ငယ်ငယ်ကစာတော်တဲ့အကြောင်းကို ပြောပြခဲ့တာပါ။ သူဆိုကျောင်းတွင်းမှာထူးချွန်ရုံတင်မက ကျောင်းပြင်ပ သင်္ချာပြိုင်ပွဲတွေမှာလည်းဆုတွေမရေမတွက်နိုင်အောင်ရခဲ့ဖူးပါတယ်တဲ့။
Yoo Byung Jae
Yoo Byung Jae ကလည်းကျောင်းတုန်းကစာတော်တဲ့ ကျောင်းသားတစ်ယောက်ပါတဲ့။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ သင်္ချာကိုအမှတ်ပြည့်ရခဲ့ပြီး Sogang University မှာ Communication and media နဲ့ဘွဲ့ရခဲ့ပါတယ်။ စာတော်တဲ့အကြောင်းပြောရင်းနဲ့ Yoo Byung Jae ကိုယ်တိုင်ကလည်း အမြဲ ထိပ်ဆုံးဖြစ်နေတာမျိုးကတော့မဟုတ်ပေမယ့် ၁ ကနေ ၁၀ အတွင်းတော့ဝင်တတ်ပါတယ်ဆိုပြီး ဖြေဆိုခဲ့ပါတယ်။
Im Siwan
KBS2 ရဲ့ 1 vs. 100 ဆိုတဲ့အစီအစဉ်မှာ Siwan ကကျောင်းတုန်းက ပထမရဖူးတယ်ဆိုပြီးပြောပြခဲ့ပါတယ်။ ဒါ့အပြင် အလယ်တန်းနဲ့အထက်တန်းတုန်းက ဒုတိယကျောင်းသားခေါင်းဆောင်အနေနဲ့တောင် ခန့်အပ်ခံခဲ့ရတာပါ။ အထက်တန်းကျောင်းမှာ စာကြိုးစားခဲ့ရင် တက္ကသိုလ်ရောက်တဲ့အခါ အေးအေးသက်သာ စာလုပ်ရင်ရပြီလို့ထင်ခဲ့ပေမယ့် တက္ကသိုလ်ရောက်တော့ပိုတောင်ကြိုးစားရသေးတယ်လို့လည်း ဟာသစွက်ပြီးပြောခဲ့ပါသေးတယ်။
Kim So Hyun
ကလေးသရုပ်ဆောင်ဘဝကနေ မျက်စိအောက်မှာတင်လှလာတဲ့ Kim So Hyun ကလည်းသူမရဲ့ကျောင်းသားဘဝကိုပြောပြခဲ့ပါတယ်။ သူမကလည်း မူလတန်းကို အဆင့်တစ်နဲ့အောင်မြင်ခဲ့ပြီး သူမရဲ့ လျှမ်းလျှမ်းတောက်အမှတ်တွေကိုပါပြသခဲ့ပါတယ်။ သူမက ဘာသာစကားမှာ ၉၁.၉ ၊ သင်္ချာမှာ ၈၇.၄ နဲ့ သိပ္ပံဘာသာမှာ ၉၂.၇ မှတ်အသီးသီးရရှိခဲ့တာပါတဲ့။ ဒါတောင် အဲဒီအချိန်က သူမပါဝင်ခဲ့တဲ့ I Miss You ဇာတ်လမ်းရိုက်နေလို့ အလုပ်တစ်ဖက်နဲ့စာကျက်ခဲ့တာပါ။
source : soompi
written : helra