Categories: Celebrity News

James Corden ရဲ့ နာမည်ကြီး Carpool Karaoke မှာ BTS သွားရောက်ပါဝင်တုန်းက ပျော်ရွှင်ဖွယ်အမှတ်တရများအကြောင်း

The Late Late Show ရဲ့ Host ဖြစ်သူ James Coden ရဲ့ ပရိုဂရမ်တစ်ခုဖြစ်တဲ့ Carpool Karaoke ဟာ တစ်ကမ္ဘာလုံးက သီချင်းနှစ်သက်သူ ပရိတ်သတ်တွေကြားမှာ အရမ်းကိုရေပန်းစားလျှက်ရှိပါတယ်။

ဒီအစီအစဉ်မှာဆိုရင် ဒိတ်ဒိတ်ကြဲ အနုပညာတေးသံရှင်များကို James က ဖိတ်ခေါ်ကာ ကားပတ်မောင်းပြီး သူတို့ရဲ့သီချင်းတွေကို သီဆိုရင်း ပရိတ်သတ်တွေသိချင်တဲ့ အကြောင်းတွေကို အင်တာဗျူးကာ ရယ်မောပျော်ရွှင်ဖွယ် တင်ဆက်ပေးနေတာပါ။

ဒီအစီအစဉ်မှာ BTS ကိုလည်း ဖိတ်ခေါ်ထားပြီး K-Pop ကြိုက်တဲ့ James တစ်ယောက်က ဘယ်လိုတွေအရွှန်းဖောက်နေမယ်ဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ James က BTS နဲ့အတူ သူရဲ့ လော့စ်အင်ဂျလိစ်က အသံလွှင့်ဌာနကို သွားနေတဲ့လမ်းတစ်လျှောက်မှာ BTS ရဲ့ သီချင်းတွေဖြစ်တဲ့ Mic Drop၊ On နဲ့ Black Swan အပါအဝင် အခြားအဆိုတော်တွေဖြစ်တဲ့ Bruno Mars နဲ့ Post Malone ရဲ့သီချင်းတွေပါ ပျော်ရွှင်စွာ သီဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အကစတူဒီရိုတစ်ခုကိုလည်း ကြားဖြတ် ဝင်ခဲ့ပါသေးတယ်။ အကြောင်းကတော့ James က BTS ရဲ့ ၈ ယောက်မြောက်အဖွဲ့ဝင်အနေနဲ့ audition ဝင်ဖို့ပါတဲ့။ ဒီအတွက် Jimin က ဉီးဆောင်သင်ကြားပေးခဲ့ပြီး အရမ်းကိုပျော်ရွှင်နေခဲ့ကြပါတယ်။

BTS အဖွဲ့ဝင်ဖြစ်တဲ့ RM က သူ အမေရိကန်ဇာတ်လမ်းတွဲဖြစ်တဲ့ F.R.I.E.N.D.S ကို ကြည့်ရင်း English လေ့လာခဲ့တာကစလို့ အဖွဲ့ထဲမှာ Jimin နဲ့ V က အမြဲစကားနိုင်လုတယ်ဆိုတဲ့အထိ ဟာသတွေပြောရင်း ပျော်ရွှင်နေကြတာပါ။ ARMY တွေက ထို Show ရဲ့ BTS ပါတဲ့အပိုင်းကို အရမ်းသဘောကျကြတာကြောင့် Social Media တွေပေါ်မှာ Share ကြတာဆိုရင် # BTSCarpoolTONIGHT နဲ့ #BTSCarpoolKaraoke စတဲ့ Hashtag တွေဟာ တွစ်တာမှာတောင် အရမ်းကို ရေပန်းစားသွားပါတော့တယ်။

အားလုံး အရမ်းသဘောကျကြတဲ့ အပိုင်းကတော့ Jin က James တစ်ယောက် ဘာပြောတာကိုနားမလည်ပေမယ့် ပြန်ပြောလိုက်တဲ့စကားကြောင့်ပါ။ အဲ့တာကတော့ “သူဘာပြောမှန်းမသိပေမယ့် ငါတို့ရီလိုက်မယ်လေ” ဆိုပြီးပြောတော့ တစ်ဖွဲ့လုံးက လိုက်ရီခဲ့ရလို့ပါ။

Source: Newsweek
Written: S.Kaung

Share