၂၀၁၉ နှောင်းပိုင်းမှာ ကွာရှင်းပြတ်စဲဖို့လျှောက်ထားလိုက်ပြီဆိုတဲ့ သတင်းနဲ့ ပရိတ်သတ်တွေကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ Ku Hye Sun နဲ့ Ahn Jae Hyun တို့စုံတွဲဟာ ဒီနေ့မှာ ပြန်လည်သုံးသိပ်ကာလနဲ့ နှစ်သိမ့်ဆွေးနွေးမှု ကာလပြည့်သွားပြီဖြစ်လို့ကွာ ရှင်းပြတ်စဲမှုကို အပြီးသတ်လိုက်ပြီလို့ သိရပါတယ်။
ပရိတ်သတ်တွေဟာ သူတို့ကြားကသံယောစဉ်ကလဲမနည်းသလို တကယ်ချစ်ခဲ့ကြတဲ့စုံတွဲမို့ ၁၅ ရက်နေ့ ဆွေးနွေးနှစ်သိမ့်မှုမှာ ပြန်ပေါင်းထုပ်ဖို့များ ဆုံးဖြတ်ကြမလားဆိုပြီး မျှော်လင့်ချက်တွေ ထားခဲ့ကြပါသေးတယ်။ ဒါပေမယ့် သူတို့နှစ်ဦးလုံးဟာ နှစ်သိမ့်ဆွေးနွေးမှုကိုတောင် တက်ရောက်ဖို့ စာရင်းမသွင်းခဲ့ပါဘူးတဲ့။ ဆွေးနွေးမှုကိုတော့ နှစ်ဖက်ရှေ့နေတွေက တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
ကွာရှင်းမှုကိုတော့ Seoul Famliy Court မှာ နှစ်ဖက်ရှေ့နေတွေနဲ့တကွ နောက်ဆုံးဆုံးဖြတ်ချက်ချကာ အပြီးသတ်ခဲ့တာဖြစ်ပြီး ပိုင်ဆိုင်မှုခွဲဝေပုံတွေကိုတော့ သူတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စဖြစ်တာကြောင့် မီဒီယာကိုအသိမပေးဘူးလို့သိရပါတယ်။ Ahn Jaehyun ရဲ့ရှေ့နေကတော့ ‘မင်းသားဟာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်နေတာမို့ ဒီကိစ္စကို အမြန်အဆုံးသတ်ချင်နေတာ’ လို့ ဖွင့်ဟခဲ့ပါတယ်။
အခုချိန်မှာတော့ Ahn Jae Hyun နဲ့ Ku Hye Sun ရဲ့ အချစ်ဇာတ်လမ်းဟာ ပြည်ဖုံးကားချလိုက်ပါပြီ။ ပရိတ်သတ်တွေအနေနဲ့လဲ သူတို့တစ်ဦးချင်းစီ လျှောက်တဲ့လမ်းကို မေတ္တာအပြည့်နဲ့ အားပေးကြမယ်လို့ မျှော်လင့်ပါတယ်နော်။
source: koreaboo
written: Dar Dar