Categories: Celebrity News

Handsome Guys ဇာတ်လမ်းတွဲမှာပါဝင်လာဖို့ရှိတဲ့ Gong Seung Yeon နဲ့ Lee Hee Joon

ဇူလိုင်လ ၁၄ ရက်နေ့က မင်းသားရော မင်းသမီးရောရဲ့အေဂျင်စီတွေက ဒါရိုက်တာ Nam Dong Hyeop ရိုက်ကူးမယ့် Handsome Guys ဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းချက်ရထားပြီး လက်ခံစဉ်းစားနေတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းက Gangwon စီရင်စုက နတ်ဆိုးမျိုးနွယ်မိန်းကလေးတစ်ယောက်ကို ဘုန်းတော်ကြီးတစ်ပါးကနှိမ်နင်းရာကစပါတယ်။ ၆၆နှစ်နဲ့ ၆လကြာတဲ့အခါမှာတော့ Sang Goo, Jae Pil နဲ့ Mina တို့သုံးယာက် ခရီးထွက်လာကြရာမှ လွန်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီးကြောက်မက်ဖွယ်မဖြစ်တွေနဲ့ ကြုံတွေခဲ့ရတဲ့အကြောင်းရိုက်ကူးထားတာပါ။

အဓိကဇာတ်ဆောင်သုံးယောက်ရဲ့စရိုက်တွေက Sang Goo ကမပါးနပ်ပဲ ခွန်အားကိုအသုံးပြုတတ်တဲ့သူမျိုးဖြစ်ပြီး Jae Pil ကတော့လူဖြောင့်စိတ်တို လို့ဆိုရအောင် အပြင်ပိုင်းကကြမ်တမ်းပေမယ့် နွေးထွေးတဲ့သူမျိုးပါ။ မိန်းကလေးဖြစ်တဲ့ Mina က ကျေးလက်ဒေသကသာမာန်မိန်းကလေယဖြစ်ပြီး သရုပ်ဆောင်နှစ်ဦးကိုဘယ်ဇာတ်ဆောင်အတွက်ကမ်းလှမ်းထားတာလဲအတိအကျမသိရသေးလို့ စိတ်ဝင်စားစရာပါ။

Gong Seung Yeon က Flower crew: Joseon Marriage Agency ၊ Are You Human Too? စတဲ့ဇာတ်လမ်းကောင်းတွေမှာပါဝင်ခဲ့တဲ့မင်းသမီးချောလေးဖြစ်တဲ့အပြင် Lee Hae Joon ကလည်း Miss Baek ၊The Legend of the Blue Sea စတဲ့ဇာတ်လမ်းကောင်းတွေမှာ ပါဝင်ဖူးတာမို့ သူတို့နှစ်ယောက်သာကမ်းလှမ်းမှုကိုလက်ခံခဲ့ရင်ကြည့်ကောင်းမယ့်ဇာတ်လမ်းတွဲလေးတစ်ခုပါပဲ။

source : soompi
written : helra

Share