Categories: Celebrity News

ပြည်ပမှာမွေးပြီးကြီးပြင်းခဲ့ကြတဲ့မိန်းကလေး Kpop Idol များ

Kpop Idol တွေထဲက ကိုရီးယားလူမျိုးပေမယ့် နိုင်ငံခြားမှာမွေးပြီး နိုင်ငံခြားမှာကြီးပြင်းခဲ့တဲ့ မိန်းကလေး Kpop idol တွေအကြောင်းဖော်ပြပေးလိုက်ပါတယ်နော်…

၁။ Rosè (Blackpink)


Blackpink ရဲ့ main vocalist လေး Rosè ကိုတော့ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်မှာ နယူးဇီလန်နိုင်ငံ Auckland မြို့မှာမွေးဖွားခဲ့ပြီး ဩစတေးလျနိုင်ငံ Melbourne မြို့မှာကြီးပြင်းခဲ့တာပါ။ သူမရဲ့အမည်ရင်းက Roseanna Park ဖြစ်ပြီး အသက် ၁၅ နှစ်ကတည်းက YG Entertainment မှာ training ဆင်းခဲ့ပြီး အခုလို အားလုံးချစ်တဲ့ Rosè လေးဖြစ်လာတာပါ။

၂။ Tiffany (Girls’ Generation)


Tiffany ရဲ့နာမည်အရင်းက Stephanie Hwang ဖြစ်ပြီး သူမကို San Francisco, California မှာဖွးမြင်ခဲ့တာပါ။ သူမလည်း အသက် ၁၅ နှစ်မှာ SM Entertainment ကိုဝင်ရောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်ကစလို့ Girls’ Generation အဖွဲ့ဝင်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေစတင်ခဲ့ပါတယ်။ သူမဆို Trainee ဘဝတုန်းက ကိုရီးယားဘာသာစကားမကျွမ်းကျင်သေးလို့ အဖွဲ့ဝင်တွေကကူညီခဲ့ရပါတယ်။ အခုတော့ သူမရဲ့မွေးရပ်မြေအမေရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်က debut ခဲ့ပြီးအနုပညာလှုပ်ရှားမှုတွေစတင်နေပါပြီ။

၃။ Jessica


Jessica ကိုလည် San Francisco, California မှာဖွားမြင်ခဲ့တာပါ။ သူမနဲ့ ညီမဖြစ်တဲ့ Krystal တို့နှစ်ယောက် ကိုရီးယားကိုအလည်အပတ်ထွက်ရင်း SM ကကိုယ်စားလှယ်တစ်ဦးကသတိထားမိသွားပြီး ၂၀၀၀ ခုနှစ်မှာ casting စနစ်နဲ့ trainee အဖြစ်ခေါ်ယူခဲ့တာပါ။ Girls’ Generation အဖွဲ့ကနှုတ်ထွက်ပြီးနောက်သူမရဲ့ဖက်ရှင်ကုမ္ပဏီ Blanc & Eclare ကိုဦးဆောင်ရင်း solo artist အနေနဲ့ရပ်တည်နေပါတယ်။

၄။ Krystal f(x)


သူမကိုလည်း San Francisco, California မှာပဲဖွာယမြင်ခဲ့တာဖြစ်ပြီး အစ်မဖြစ်သူ Jessica လိုပဲ Casting စနစ်နဲ့ SM ကို ၂၀၀၆ ခုနှစ်မှာဝင်ရောက်ခဲ့တာပါ။ ၂၀၀၉ ခုနှစ်မှာ f(x) အဖွဲ့ဝင်အဖြစ် debut ခဲ့ပြီး သူမကို ဇာတ်လမ်းတွဲတွေမှာလည်းတွေ့နိုင်ပါတယ်နော်။

၅။ Sunny (Girls’ Generation)


Girls’ Generation အဖွဲ့ဝင် Sunny ကို Los Angeles, California မှာမွေးဖွားခဲ့တာပါ။ မွေးဖွားပြီး လအနည်းငယ်အကြာမှာ Kuwait ကိုရွှေ့ပြောင်းခဲ့ပေမယ့် Gulf War ဖြစ်ပွားလာတာကြောင့် သူမမိသားစုက တောင်ကိုရီးယားမှာပဲ အခြေချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ၂၀၀၇ ခုနှစ်မှာ Girls’ Generation အဖွဲ့ဝင်အနေနဲ့ အနုပညာခရီးစတင်ခဲ့ပါတယ်။

၆။ Sungyeon (Pristin)


Pristin အဖွဲ့ဝင်ဟောင်း Sungyeon ကိုတော့ Santa Ana, California မှာမွေးဖွားခဲ့ပြီး သူမရဲ့နာမည်အရင်းက Shannon Bae ပါ။ Pristin အဖွဲ့ disband မလုပ်ခင်က Main Vocalist နေရာကတာဝန်ယူခဲ့ပြီး သူမက သီချင်းဆိုကောင်းတဲ့အပြင် သီချင်းတွေပါကောင်းကောင်းရေးနိုင်ပြီးအကတော်သူ တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိ Pledis Entertainment နဲ့စာချုပ်ချုပ်ထားတပမယ့် အနုပညာလှုပ်ရှားမှုတွေတော့မတွေ့ရသေးပါဘူး။

source: koreaboo
written: helra

Share