Categories: Celebrity News

တောင်ကိုရီးယားသမ္မတရဲ့ ချီးကျူးဂုဏ်ပြုမှုကိုတောင် ခံရတဲ့ kpop အဖွဲ့များ

Kpop အဖွဲ့တွေဟာ တောင်ကိုရီးယားရဲ့ tourism နဲ့စီးပွားရေးအတွက် အများကြီးအထောက်အကူပြုသလို ကိုရီးယားယဉ်ကျေးမှုကိုလဲ ကမ္ဘာအနှံ့ကိုပျံ့နှံ့စေခဲ့တာကြောင့် ကောင်းကျိုးပြုတယ်လို့ သတ်မှတ်ရမှာပါ။ ဒီ kpop group တွေကိုတော့ သူတို့ရဲ့အောင်မြင်မှုနဲ့ အရည်အချင်းကြောင့် သမ္မတ Moon Jae In ကတောင် ချီးကျူးဂုဏ်ပြုခဲ့ရပါတယ်။

BTS


၂၀၁၈ ခုနှစ်မှာ BTS အဖွဲ့က Billboard Album Chart မှာ 1 ရတဲ့ ပထမဆုံး kpop အဖွဲ့ဖြစ်ခဲ့စဉ်မှာ သမ္မတဟာ ဂုဏ်ပြုစာပေးပို့ခဲ့ပါတယ်။ အဲ့ဒါအပြင် ၂၀၁၉ ခုနှစ်မှာလဲ သမ္မတရဲ့ Paris ခရီးစဉ်နဲ့ သူတို့ရဲ့ tour တိုက်ဆိုင်နေတာမို့ ဖိတ်ခေါ်တွေ့ဆုံခြင်းခံခဲ့ရပါတယ်တဲ့။ သူတို့ရဲ့လွှမ်းမိုးမှုကြောင့် ယဉ်ကျေးမှုဂုဏ်ထူးဆောင်ဘွဲ့လဲ အပ်နှင်းခံခဲ့ရပါသေးတယ်။

Red Velvet


မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာကျင်းပတဲ့ ‘Spring is Coming Festival’ မှာဖျော်ဖြေဖို့ တောင်ကိုရီးယား idol တွေများစွာထဲမှာမှ နိုင်ငံ့ကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်လဲ သူတို့ရဲ့တာဝန်ကျေမှုကို ဂုဏ်ပြုဖို့ သမ္မတဟာ Red Velvet ကို အိမ်ပြာတော်မှာ နေ့လည်စာနဲ့တည်ခင်းဧည့်ခံခဲ့ပြီး ဂုဏ်ပြုခဲ့ပါတယ်။

MONSTA X


၂၀၁၉ ခုနှစ် Oslo မှာကျင်းပတဲ့ ကိုရီးယား-နော်ဝေ ချစ်ကြည်ရေးနှစ် ၆၀ ပြည့်ပွဲမှာ Monsta X အဖွဲ့က ဖျော်ဖြေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ သမ္မတနှင့်ဇနီးက သူတို့ကိုအချိန်ပေးပြီးတွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက် တာဝန်ရှိသူတစ်ဦးက အိမ်ပြာတော်ရဲ့ twitter မှာလဲ Monsta X ရဲ့ ကောင်းမွန်တဲ့ဖျော်ဖြေမှုအတွက်ကျေးဇူးတင်ကြောင်း တင်ခဲ့တာပါ။

Twice


ကိုရီးယားနဲ့ဂျပန် သံတမန်ဆက်ဆံရေးနဲ့ပတ်သတ်လို့ ပြောကြားတဲ့မိန့်ခွန်းတစ်ခုမှာ kpop ရဲ့ သက်ရောက်မှုအကြောင်းကိုလဲ ထည့်သွင်းဖော်ပြခဲ့ပြီး ဂျပန်နိုင်ငံမှာလဲ hallyu wave ကိုရိုက်ခတ်စေသလို Japan လူမျိုးအဖွဲ့ဝင်တွေလဲပါတယ် Twice အဖွဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

EXO


၂၀၁၉ ဇွန်လမှာ အမေရိကန်သမ္မတ Donald Trump နဲ့ တောင်ကိုရီးယား သမ္မတ Moon Jae In နဲ့တွေ့ဆုံခဲ့ရာမှာ EXO အဖွဲ့ကိုလဲ အထူးဧည့်သည်တော်တွေအဖြစ် ဂုဏ်သိက္ခာကြီးမားတဲ့ cocktail reception ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဂုဏ်ယူစရာပိုကောင်းတဲ့အချက်က Donald Trump ရဲ့သမီးဖြစ်သူ Ivanka Trump ဟာ EXO ရဲ့ ပရိတ်သတ်တစ်ဦးဖြစ်တာကြောင့်ပါတဲ့။

Lisa (BlACKPINK), Nickhun (2PM)


Bangkok Post ဆိုတဲ့ ထိုင်းသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ သမ္မတ Moon Jae In ဟာ ထိုင်းနဲ့ ကိုရီယားနှစ်နိုင်ငံဆက်ဆံရေးအကြောင်းပြောတဲ့အခါ ထိုင်းနိုင်ငံကနေ ကိုရီးယားမှာ kpop အဆိုတော်အဖြစ် ရပ်တည်နေတဲ့ အကျော်အမော်နှစ်ဦးဖြစ်တဲ့ Lisa နဲ့ Nickhun ကို သတိတရနဲ့ ချီးကျူးပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။

Seohyun (Girls’ Generation)


Seohyun ဟာလဲ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ ကျင်းပတဲ့ ‘Spring Is Coming’ ဖျော်ဖြေပွဲမှာ သမ္မတရဲ့တောင်းဆိုချက်အရ မြောက်ကိုရီးယားတီးဝိုင်းနဲ့ အတူတူဖျော်ဖြေခဲ့ပြီး နှစ်နိုင်ငံသားတွေ အတူတကွဖျော်ဖြေပြီး ပွေ့ဖက်နှုတ်ဆက်မှုဟာ တစ်ကမ္ဘာလုံးကို ခံစားရစေတယ်လို့ President Moon ကဆိုပါတယ်။

AOA


AOA အဖွဲ့ဖျော်ဖြေခဲ့တဲ့ ၂၀၁၈ ခုနှစ် Pyeongchang Winter Olympics ကို သမ္မတနဲ့နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ပြီး ပွဲအပြီးမှာ တွေ့ဆုံနှုတ်ဆက်စကားပြောခဲ့ကြပါတယ်။ သမ္မတဟာ AOA အဖွဲ့နဲ့ အမှတ်တရဓာတ်ပုံပါ အတူရိုက်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးချင်းစီအတွက်လဲ အထူးလက်ဆောင်အဖြစ် နာရီလေးတွေပေးခဲ့ပါတယ်တဲ့။

JYJ’s Junsu


Junsu ကလဲ သမ္မတနှင့်ဇနီးရဲ့ အထူးတလည်သတိတရပေးတဲ့ လက်ဆောင်ကို လက်ခံရရှိဖူးသူပါ။ ၂၀၁၉ ခုနှစ်မှာ တောင်ကိုရီးယားကိုအဖက်ဖက်က အကျိုးပြုခဲ့သူတွေကို နှစ်သစ်ကူးလက်ဆောင်အဖြစ် သူတို့နာမည်ထွင်းထားတဲ့လက်ဆောင်ပုံးတွေနဲ့ ကိုရီးယားရိုးရာမုန့်နဲ့ယာမကာတွေကို ပေးပို့ခဲ့ပြီး Junsu ကလဲ ထိုလက်ဆောင်ရရှိသူတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ပါတယ်။

source: koreaboo
written: Dar Dar

Share