Categories: Celebrity News

Miss Hammurabi ထဲက တစုံတယောက်ရဲ့ အားပေးမှုကို ကျေးဇူးတင်နေတဲ့ Go Ara

Go Ara ကတော့သူမရဲ့ Drama အသစ်ရိုက်ကွင်းမှာ သူငယ်ချင်းလေး Kim Myung Soo ပို့ပေးတဲ့ Coffee Truck ကြောင့်အတော် ဝမ်းသာနေတဲ့ပုံပါပဲ။ Go Ara နှင့် Kim Myung Soo တို့ဟာ Miss Hammurabi ဇာတ်လမ်းတွဲမှာ အတူတူသရုပ်ဆောင်ခဲ့ဖူးကြတဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေပါ။

ဇူလိုင် ၁၅ရက်နေ့မှာ Go Ara ကသူရဲ့ IG acc မှာ Kim Myung Soo ပို့ပေးလိုက်တဲ့ Coffee truck နှင့်အတူတူ ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ ” ကျေးဇူးတင်ပါတယ် Myung Soo၊ ငါအားရှိသွားလိုပဲ” ဆိုတဲ့ caption နှင့်အတူတင်ခဲ့တာပါ။

Kim Myung Soo ကလည်း ” အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ အမ Go Ara ကိုအားပေးနေတယ်နော်” ဆိုတဲ့စာတန်းကြီးနှင့် ပို့လိုက်တာပါ။ ဇာတ်လမ်းတွဲပီးသွားသည့်တိုင် နှစ်ယောက်စလုံးက အခုလိုတစ်ယောက်နှင့်တစ်ဦး support ပေးနေကြတာကြောင့် သူတို့နှစ်ဦးရဲ့ သံယောဇဉ်ကို ပရိတ်သတ်ကြီးလည်း မှန်းကြည့်လို့ရလောက်မှာပါ။

Go Ara ရိုက်ကူးနေတာကတော့ “Do Do Sol Sol La La Sol” ဆိုတဲ့ music drama အမျိုးအစား ဇာတ်လမ်းတွဲတစ်ခုပါ။ Go Ara ကတော့ စန္ဒရားသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။ မိသားစု စီးပွားရေးအခြေအနေကြောင့် ရွာငယ်လေးတစ်ခုရဲ့ စန္ဒရားသင်တန်ကျောင်းမှာ အလုပ်သွားလုပ်ခဲ့ရပါတယ်။

အဲ့မှာပဲ Sun Woo Joon ( Lee Jae Wook) ဆိုတဲ့လျိုဝှက်ချက်တွေများလှတဲ့ ကောင်လေးနှင့်တွေ့ဆုံပြီး ချစ်သူတွေဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ထွက်ရှိလာလျှင် ကြည့်ရှုလိုက်ကြပါနော်။

ဒီဇာတ်လမ်းတွဲကိုတော့ သြဂုတ်လ ၂၆ ရက်နေ့မှာ စတင်ထုတ်လွှင့်တော့မှာပါ။ ထွက်ရှိလာလျှင်လည်း ပရိတ်သတ်ကြီး အနေနဲ့အားပေးဖို့ မမေ့ကြပါနဲ့ဦးနော်။ Cele Bar page မှာလည်း သတင်းတွေကို အချိန်နှင့် တပြေးညီ တင်ဆက်ပေးလျက်ရှိပါတယ်ရှင့်။

Source: Soompi
Written: Phoo Phoo

Share