Categories: Celebrity News

Goo Hye Sun တင်ခဲ့တဲ့ဓာတ်ပုံလေးတွေကြောင့် စိတ်ပူနေတဲ့ ပရိတ်သတ်တွေ စိတ်အေးခဲ့ရ

2015 ခုနှစ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး ဇနီးမောင်နှံအဆင့်ထိရောက်ခဲ့ကြတဲ့ Ahn Jae Hyun နဲ့ ကွာရှင်းပြတ်စဲမှုကို အပြီးသတ်ပြီး တရားဝင်ကွာရှင်းလိုက်ပြီဆိုတဲ့ သတင်းကိုကြားရတဲ့အခါ ပရိတ်သတ်တွေဟာ Goo Hye Sun ရဲ့ စိတ်အခြေအနေကို တစ်ဖန်ပြန်စိုးရိမ်ခဲ့ကြပါတယ်။

ကွာရှင်းမယ့်သတင်းတွေထွက်လာခဲ့စဉ်က ဆောက်တည်ရာမရဖြစ်ခဲ့ပြီး instagram မှာ ပရိတ်သတ်တွေစိတ်ပူလောက်တဲ့ post တွေအများကြီး တင်ခဲ့တာကြောင့် ဒီတစ်ခါလဲပရိတ်သတ်တွေက စိုးရိမ်ခဲ့ကြပေမယ့် Goo Hye Sun တစ်ယောက်ကတော့ ခက်ခဲတဲ့အခြေအနေတွေကို ကျော်လွှားခဲ့ပြီး စိတ်အေးချမ်းသာစွာဘဝကိုဖြတ်သန်းနေပုံပါပဲ။

ကွာရှင်းမှုတရားဝင်ဖြစ်သွားပြီဆိုတဲ့ သတင်းတွေတက်လာအပြီးမှာ Goo Hye Sun ကလဲ instagram မှာ တောက်တောက်ပပပြုံးရွှင်နေတဲ့ သူ့ရဲ့ပုံလေးကို ‘နောက်တစ်ခါထပ်ပြီး အားအင်အပြည့်နဲ့ ဘဝဆီသို့’ ဆိုတဲ့ caption လေးနဲ့ တင်ခဲ့တာပါ။သူ့ကိုချစ်ကြတဲ့ပရိတ်သတ်တွေအတွက်ရော သူကိုယ်တိုင်အတွက်ပါ ဘဝကိုအရင်လို အားအင်အပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတော့မယ်ဆိုတော့ ဝမ်းသာစရာပါပဲ။

source: koreaboo
written: Dar Dar

Share