Categories: Celebrity News

ငွေရောင် ရုပ်ရှင်ပိတ်ကားထက်မှာ တွေ့မြင်ရတော့မယ့် Red Velvet အဖွဲ့ဝင် Irene

Irene ရဲ့ မင်းသမီးလေးလို အလှတရားကြောင့် ပရိတ်သတ်တွေကသူ့ကို idol အဖြစ်တင်မဟုတ်ပဲ သရုပ်ဆောင်အဖြစ်ပါ မြင်ချင်နေကြတာကြာပါပြီ။ အခုတော့ ပရိတ်သတ်တွေရဲ့ဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ Irene တစ်ယောက် သရုပ်ဆောင်လောကကို ခြေချတော့မယ်လို့ SM Entertainment က တရားဝင်ထုတ်ပြန်လိုက်ပါပြီ။

သူပါဝင်သရုပ်ဆောင်မယ့်ရုပ်ရှင်ကတော့ ဒါရိုက်တာ Baek Seung Hwan ရိုက်ကူးမယ့် Double Patty ဆိုတဲ့ရုပ်ရှင်ဖြစ်ပြီး ထိုရုပ်ရှင်ကတော့ လူငယ်တွေရဲ့ ဘဝဖြတ်သန်းမှုကို အဓိကထားဖော်ပြမယ့် ဇာတ်လမ်းလို့သိရပါတယ်။

Irene ကိုတော့ စိတ်အားထက်သန်တဲ့ အစီအစဉ်တင်ဆက်သူမလေးအဖြစ် မြင်ရမှာပါတဲ့။ ရုပ်ရှင်ကိုတော့ ဩဂုတ်လမှာ စတင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Irene ဟာ Red Velvet အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးလဲဖြစ်သလို မကြာသေးမီကမှ အဖွဲ့ဝင် Seulgi နဲ့အတူ sub-unit အဖြစ် debut ခဲ့ပါသေးတယ်။

အခုထပ်မံကြေညာလိုက်တဲ့ အနုပညာခြေလှမ်းသစ်ကတော့ 2016 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ‘Game Developement Girls’ web-drama အပြီး သူ့ကို ပိတ်ကားထက်မှာမြင်ချင်နေကြတဲ့ ပရိတ်သတ်တွေအတွက် သတင်းကောင်းပါပဲ။

source: soompi
written: Dar Dar

Share