Categories: Celebrity News

Yoo Jae Suk နှင့် Jeon So Min တို့အတူပါဝင်မည့် tvN ၏ Variety Show အသစ်

ပရိတ်သတ်အချစ်တော် Nation MC ကြီး Yoo Jae Suk ကတော့ မရပ်မနားအလုပ်တွေကို ဆက်တိုက်လုပ်နေပါတယ်။ အခုလည်း Variety Show အသစ်မှာပါဝင်မယ်ဆိုပြီး Confirm သွားပါပြီ။ ထို Variety show ရဲ့ အဓိက PD ကတော့ Running Man ရဲ့ PDအဟောင်း Jung Chul Min ပဲဖြစ်ပါတယ်။

ဇူလိုင် ၁၆ရက်နေ့မှာ tvN မှ Outdoor mystery အစီအစဉ်တစ်ခုကို ရိုက်ကူးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ tvN ကတော့ ” Yoo Jae Suk က PD Jung Chul Min ရိုက်ကူးမယ့် “Sixth sense” ဆိုတဲ့ show မှာပါဝင်မှာပါ” ဆိုပြီးတရားဝင် ထုတ်ပြန်လိုက်ပါတယ်။

ရိုက်ကူးရေးကိုတော့ သြဂုတ်လရဲ့ ပထမအပတ်မှာရိုက်ကူးတော့မှာပါ။ ပုံမှန်အဖွဲ့ဝင် ၅ယောက်ခန့်ပါဝင်မှာဖြစ်ပြီး ပါဝင်မယ့်သူတွေကိုတော့ ဆွေးနွေးနေပါသေးတယ်။ Jeon So Min ကတော့ member အဖြစ်ပါဝင်ဖို့ သေချာသွားပါပြီ။

Jung Chul Min ဟာ Running Man အစီအစဉ်မှာ ၂၀၁ဝကတည်းက PD အဖြစ်လုပ်ခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ Main PD ဖြစ်ခဲ့ပါတယ်။ “Village Survival, the eight” ကိုရိုက်ကူးတဲ့ PD ကလည်းသူပါပဲ။ သူဟာယခုနှစ်အစောပိုင်းမှာတော့ SBS မှထွက်လာခဲ့ပြီး CJ ENM နှင့်လက်တွဲခဲ့ပါတယ်။

Sixth Senseကတော့ CJ ENM နှင့်လက်တွဲပြီးနောက်ပိုင်း ပထမဆုံးရိုက်ကူးမယ့် Variety Show လည်းဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော Running Man ကအဖွဲ့ဝင်နှစ်ယောက် ပါဝင်မယ့် program ကိုမကြည့်ချင်ဘူးလား။ မိမိရဲ့အမြင်ကိုလည်း ဆွေးနွေးနိုင်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share