Categories: Celebrity News

Retired လုပ်မယ်လို့ဆိုပြီး အနုပညာလောကထဲကို ပြန်ဝင်လာသောကြောင့် ဝေဖန်ခံခဲ့ရသူ (၃) ဦး

ပြသနာကြီးကြီးမားတစ်ခုဖြစ်ပြီးရင် Kpop idols အများစုဟာ အနုပညာလောကမှာ ဆက်လက်ရပ်တည်လို့ မရတော့ပါဘူး။ ဒါကြောင့်အများစုက အနုပညာလောကကနေ အနားယူသွားပြီဆိုပြီး ထုတ်ပြန်ခဲ့ကြပါတယ်။ သို့သော် ထိုကဲ့သို့ ထုတ်ပြန်ပြီးနောက်ပိုင်းမှ အနုပညာလောကထဲကို ပြန်ဝင်လာတဲ့သူတွေလည်း ရှိပါတယ်။

အခုဖော်ပြပေးမယ့် သုံးဦးကတော့ အနုပညာအလုပ်တွေကို ပြန်လုပ်လို့ ကိုရီးယားပြည့်သူတွေရဲ့ ဝေဖန်ပြောဆိုမှုကို ခံခဲ့ရသူတွေပဲဖြစ်ပါတယ်။

1.Sunye (Former member of Wonder Girls)

Sinye ဟာ Wonder Girls အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် 2007 ခုနှစ်မှာ Debut လုပ်ခဲ့ပါတယ်။ 2012ခုနှစ်မှာတော့ James Park ဆိုသူနှင့် လက်ထပ်ပြီး အနုပညာလောကမှ အနားယူခဲ့ပါတယ်။ အမျိုးသားက Canadian လူမျိုးစပ်လည်းဖြစ်တာကြောင့် လက်ထပ်ပြီးရင် Canada ကိုပါပြောင်းသွားတော့မယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

Wonder Girls အဖွဲကနေလည်း နှုတ်ထွက်မယ်ဖြစ်ကြောင်း ကြေငြာပြီးနောက် ဝေဖန်မှုများစွာရရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာစာချုပ်သက်တမ်း မပြည့်သေးဘဲ အေဂျင်စီမှ ထွက်ခွာခဲ့လို့ပါပဲ။ Netizens တွေကတော့ သူမကို တကိုယ်ကောင်းသမား၊ သစ္စာဖောက်လို့ ပြောဆိုခဲ့ကြပါတယ်။ အချို့ကလည်း သူမနေနှင့် အိမ်ထောင်သည်ဘဝကို လိုချင်လို့အခုလို လုပ်ခဲ့တာဆိုပြီး သူမဘက်ကရပ်တည်ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ 2018 ခုနှစ်မှာတော့ Sunhye ဟာ Polaris Entertainment နှင့်စာချုပ်ချုပ်ခဲ့ပြီး Celebrity အဖြစ်ပြန်လာတော့မယ်ဆိုပြီး သိခဲ့ရပါတယ်။ ဒါ့ကြောင့်မို့ပဲ လူအများက သူမအနုပညာလောကကို ပြန်ဝင်လာတာနှင့် ပက်သက်ပြီး ဝေဖန်တိုက်ခိုက်ကြပါတော့တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အဖွဲ့ကိုသစ္စာဖောက်ခဲ့မှုတွေ၊ တကိုယ်ကောင်းဆန်ခဲ့မှုတွေကို သူတို့မမေ့သေးဘူးဆိုပြီး ပြောဆိုကြပါတယ်။

2. Park Yoochun (Former Member Of JYJ)

2019ခုနှစ်မှာ Park Yoochun ဟာ အနုပညာလောကမှ အနားယူခဲ့ပါတယ်။ “ဒရပ်” အမှု၊ မိန်းကလေးပြသနာ စတဲ့ Scandals များစွာထွက်ရှိပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ရပ်နားလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ 2020 ခုနှစ်မှာ သူဟာအနုပညာရှင်တစ်ယောက်အဖြစ် ပြန်လာတော့မယ်ဆိုတဲ့ သတင်းကြောင့် ပရိတ်သတ်တွေ အံအားသင့်ခဲ့ရပါတယ်။

ပထမဆုံးကြေငြာလိုက်တဲ့ post ကလည်း သူရဲ့ Photo Book ကိုရောင်းချမည် ဆိုတဲ့သတင်းပါ။ Netizens အချို့ကတော့ Park Yoochun ကို Celebrity တစ်ဦးအနေနှင့် ပြန်တွေ့ဖိုကို သဘောမကျတဲ့ ပုံစံရှိနေပါတယ်။ ပြသနာတက်ခဲ့တဲ့ ကိစ္စတွေများတာကြောင့် အနုပညာလောကထဲကို ပြန်မလာစေချင်ကြောင်း ပြောဆိုနေကြတာပါ။

3.T.O.P (BIGBANG)

T.O.P ကတော့ အနုပညာလောကမှ အနားယူတော့မယ်လို့ ဘယ်တုန်းကမှ မထုတ်ပြန်ခဲ့ဖူးပါဘူး။ 2017 ခုနှစ်မှာ ဟန်ဆိုဟီးဆိုတဲ့ အမျိုးသမီးနှင့်အတူ “ဒရပ်” သုံးခဲ့တယ်ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။ ထို scandal ထွက်ပြီးနောက်ပိုင်းမှာတော့ T.O.P ဟာ Netizens တွေကြားမှာ image အတော်ပင် ထိခိုက်ခဲ့ပါတယ်။ 2019 ခုနှစ်မှာ သူရဲ့ Ig acc မှာတင်ခဲ့တဲ့ ပုံအောက်မှာ ဝေဖန်တိုက်ခိုက်တဲ့ အမုန်းစကားတွေ ရရှိခဲ့ပါတယ်။

ဝေဖန်သူက ” နင့်လုပ်ရပ်ကို နင်ပြန်သုံးသပ်ပါ။ Instagram ကိုလည်း ပြန်မလာနဲ့။ အနုပညာလောကထဲကိုလည်း ပြန်ဝင်မလာနဲ့တော့” ဆိုပြီးရေးသားခဲ့ပါတယ်။ ထို commentကို T.O.P ကလည်း ” Yes, Sir! ငါလည်းပြန်လာဖို့ အတွေးမရှိပါဘူး။ တရိစ္ဆာန်တွေရဲ့ ဓာတ်ပုံတွေပဲ ဆက်ကြည့်နေပါတယ်” လို့ဆိုပြီး ပြန်လည်ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မကြာသေးမီကပင် BIGBANG အဖွဲ့ဟာ YG entertainment နှင့်စာချုပ်သစ် ထပ်ချုပ်လိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း Netizens အများစုက T.O.P ကိုဒီလုပ်ရပ်နှင့် ပက်သက်ပြီး ဝေဖန်ခဲ့ကြပါတယ်။ Retired လုပ်သွားပြီလို့ ထင်အောင်လုပ်ခဲ့ပြီးမှ ဘာလို့ပြန်လာတာလဲဆိုပြီး ပြစ်တင်ဝေဖန်နေကြပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share