Categories: Celebrity News

Sunmi ကိုရိုင်းပြစွာ မှတ်ချက်ပးခဲ့သူ ပြစ်ဒဏ်ချမှတ်ခံရ

အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ဟာ Sunmi ကို ရိုင်းပြစွာ Comment ပေးခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်း က စခဲ့တဲ့ပြသနာပါ။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမျိုးသားဟာ Sunmi ရဲ့ ဓာတ်ပုံအောက်မှာ “Sunmi က Bar အပျော်မယ်နဲ့ တူတယ်” ဆိုပြီး Comment ပေးခဲ့တာပါ။ ဒါ့ကြောင့် တရားစွဲဆိုခံရပြီးတဲ့နောက်မှာတော့ ယခုတရားရုံးက အပြစ်ရှိကြောင်း သတ်မှတ်လိုက်ပါတယ်။

အများပြည်သူမရွေး အသုံးပြုနိုင်တဲ့ Website ပေါ်မှာ ယခုလို ရိုင်းပြစွာ Comment ပေးခဲ့တာဟာ တရားလိုအတွက် များစွာအရှက်ရစေနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူဟာ ဝမ် ၅ သိန်း ( မြန်မာငွေ ၆ သိန်းခန့်) ပေးဆောင်ရမယ်လို့ တရားရုံးက ပြစ်ဒဏ်ချမှတ်ထားပါတယ်။

Sunmi ရဲ့ အေဂျင်စီ MAKEUS Entertainment ကတော့ သူတို့ရဲ့ အနုပညာရှင်တွေကို ထိပါးရိုင်းပြတဲ့သူတွေကို နောက်နောင်မှာလည်း အပြစ်ပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့ ကြေညာထားပါတယ်။ Sunmi လည်း ဒီလိုဖြစ်ရပ်မျိုးနောက်တစ်ခေါက် မကြုံတွေ့ရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: SBS Star
Written: Gyi Gyi

Share