Categories: Celebrity News

ပရိတ်သတ်တွေအရမ်းချစ်တဲ့ Twice အဖွဲ့ဝင် Jihyo ရဲ့ချစ်စရာငယ်ဘဝပုံရိပ်များ

Twice အဖွဲ့ဝင် Jihyo ကအသက် ၂၃ နှစ်ပဲရှိသေးပေမယ့် သူမ JYP entertainment မှာကုန်ဆုံးခဲ့တဲ့အချိန်ကတော့ ၁၅ နှစ်တောင်ပြည့်မြောက်ခဲ့ပါပြီ။၂၀၀၄ ခုနှစ်မှာ အသက် ၇ နှစ်အရွယ် Jihyo ကို Junior Naver Child Acting Star Competition မှာ ပထမဆုရပြီးနောက် JYP ကလူတွေကသတိထားမိပြီးချက်ချင်း casting ခေါ်ယူခဲ့တာပါ။

၂၀၀၅ ခုနှစ် ဇူလိုင်လကစပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလထိ Trainee ဘဝနဲ့ JYP Ent မှာ ၁၀ နှစ်တာ ကြိုးကြိုးစားစား ဖြတ်သန်းပြီးနောက်တော့ Twice ရဲ့ leader အနေနဲ့ debut ခဲ့ပါတယ်။

၂၀၂၀ ဇူလိုင်လ ၁၅ ရက်နေ့မှာ သူမ JYP Entertainment ကိုရောက်တာ ၁၅ နှစ်ပြည့်တဲ့အထမ်းအမှတ်အနေနဲ့ သူမရဲ့ငယ်ဘဝပုံရိပ်လေးတွေကို twice ရဲ့ instagram ကနေတစ်ဆင့် ပရိတ်သတ်ကိုချပြခဲ့ပါတယ်။ “JYPE ကိုရောက်တာ ၁၅ နှစ်ပြည့်တဲ့အမှတ်တရအနေနဲ့ပါ။

ဒီအသက်အရွယ်မှာဒီလို လုပ်ငန်းအတွေ့အကြုံမျိုးရှိနေမယ်လို့တောင်မထင်မိဘူး hehe” လို့ရေးသားခဲ့ပါတယ်။ သူမငယ်ငယ်ကချစ်စရာဓာတ်ပုံလေးတွေကိုလည်း Twice ပရိတ်သတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

source: koreaboo
written: helra

Share