Categories: Celebrity News

ကိုရီးယားဘာသာနဲ့ Taeyeon ပြန်ဆိုခဲ့တဲ့ Into the Unknown (Frozen 2) သီချင်းရဲ့နောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းများ

ကမ္ဘာကျော် Disney ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ Frozen ကိုတော့ ကလေးတွေသာမက လူကြီးတွေပါသ‌ေဘာကျကြပါတယ်။ ဒီ Frozen ရဲ့ ဇာတ်ဝင်သီချင်းဖြစ်တဲ့ Let It Go ကတော့ အရမ်းကိုအောင်မြင်ခဲ့ပြီး အားလုံးရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားခဲ့ပါတယ်။

ယခုမှာဆိုရင်လည်း Frozen2 ရဲ့ Theme song ဖြစ်တဲ့ Into the Unknown ဟာ အရမ်းကို စိတ်မှာ ထင်ကျန်နေစေမဲ့ သံစဉ်တွေနဲ့ အဓိပ္ပာယ်ရှိတဲ့ စာသားတွေကြောင့် ပရိတ်သတ်တွေက ရုပ်ရှင်ကြည့်ပြီးတာနဲ့ သီချင်းကို ထပ်နားထောင်ချင်နေကြတာပါ။

Into the Unknown သီချင်းကို ကိုရီးယားဘာသာနဲ့ Taeyeon က ပြန်လည်သီဆိုထားပါတယ်။ Taeyeon ရဲ့ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ အသံနဲ့ ဒီသီချင်းဟာ အရမ်းကိုလိုက်ဖတ်နေပါတော့တယ်။ Taeyeon ဟာ သူမရဲ့ တစ်ကိုယ်တော် သီချင်းများနဲ့ရော၊ Girls’ Generation ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ပါ အောင်မြင်နေတာဖြစ်ပါတယ်။ ပထမ Frozen ရုပ်ရှင်မှာတော့ Sistar အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Hyolyn က ကိုရီးယားဘာသာနဲ့ Let It Go ကိုသီဆိုခဲ့ပါတယ်။

Into the Unknown သီချင်းဟာ Original Version မှာကို Idina Menzel (Original Version) နဲ့ Panic! At the Disco ဆိုပြီး Version နှစ်မျိုးနဲ့ ထွက်ခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလေးက သင့်ကို တစ်ခုခုက ခေါ်နေပြီး သင်ကိုယ်တိုင်က အရမ်းစိတ်အားထက်သန်စွာ လုပ်ဆောင်ချင်နေပါတယ်။

ဒါပေမယ့် သင်က ဘာမှန်းလည်းမသိ၊ ဘယ်မှာမှန်းလည်းမသိ ဖြစ်နေပါတယ် ဆိုတာကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကားတစ်လျှောက်မှာလည်း ဒီသီချင်းကို ပုံစံအမျိုးမျိုးနဲ့ နောက်ခံသီချင်းအဖြစ်ထည့်ထားတာမို့ ရုပ်ရှင်ကြည့်ပြီးရင် နားထဲစွဲနေမှာပါ။ Academy Awards မှာ Best Original Song အနေနဲ့ရော အခြားဆုပေါင်းများစွာမှာပါ Nominated လုပ်ခြင်းခံခဲ့ရပါတယ်။

Source: Billboard
Written: S.Kaung

Share