Categories: Celebrity News

၁ဝနှစ်တာအတွင်း သူမရဲ့ပြောင်းလဲမှုတွေကို ပြောပြခဲ့တဲ့ Bae Suzy

Bae Suzy က ELLE Korea ရဲ့သြဂုတ်လထုတ် Cover အတွက်အင်တာဗျူးတစ်ခု ဖြေကြားခဲ့ပါတယ်။ အနုပညာသက်တမ်းလည်း ၁ဝနှစ်ရှိခဲ့ပြီဆိုတော့ အရင်က Suzy နှင့်ယခု Suzy ဘာတွေကွာခြားသွားလဲ ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁ဝနှစ်ကို ပြန်ကြည့်မယ်ဆိုလျှင် Suzy ဆိုတဲ့နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်လာအောင် ဘယ်လောက်တောင်ကြိုးစားခဲ့ရလည်း ဆိုတာကိုသတိရမိကြမယ် ထင်ပါတယ်။ အခုလိုမျိုးအောင်မြင်လာတာဟာ အနုပညာအလုပ်ကိုလည်း သူမတကယ်ချစ်လို့ကြိုးစားခဲ့တာကြောင့်လည်းဖြစ်သလို ပရိတ်သတ်တွေရဲ့ အားပေးမှုကြောင့်လည်း ဟုတ်ပါတယ်။

သူမရဲ့ ၁ဝနှစ်ပြည့် အနုပညာသက်တမ်းအတွက် ပြောချင်တဲ့စကားကတော့ ” ငါကောင်းကောင်း ဖြတ်သန်းခဲ့တယ်၊ အခုဆို ၁ဝနှစ်တောင်ရှိပြီ။ အဓိကက ဒါပါပဲ။ ကျွန်မကိုငယ်ငယ်လေးတည်းက အားပေးလာတဲ့ ပရိတ်သတ်တွေလည်း အခုဆိုအရွယ်တောင် ရောက်နေလောက်ပြီ။

ဒါကြောင့်သူတို့နှင့် ကျွန်မအတူရှိခဲ့တာ အတော်ကြာခဲ့ပါပြီ။ အခုလိုမျိုး ၁၀ နှစ်တာအထိ ဒီအလုပ်ကိုပဲလုပ်နိုင်တာကလည်း ကျွန်မဒီအလုပ်ကြောင့် တကယ်ပျော်ရွှင်ရလို့ပါပဲ။” လိုဖြေခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ” အရင်တုန်းကတော့ ကျွန်မက You Live Only once ဆိုတဲ့သဘောတရားကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာ ဘဝဟာအကန့်အသတ် အချိန်ရှိတယ်ဆိုတာကို နားလည်လာတယ်။

ဒါကြောင့်ကျွန်မ ဆုံးဖြတ်ချက်ချထားတဲ့ အရာဆိုအောင်မြင်အောင်လုပ်မဲ့စိတ်ကူးရှိလာသလို အရင်ထက်ပိုပြီး အရာရာကို တန်ဖိုးထားတတ်လာတယ် ” ဆိုပြီး သူမရဲ့ပြောင်းလဲမှုတွေကို ဖြေကြားခဲ့ပါတယ်။

Suzy ဟာ ၂၀၁၀ ခုနှစ်မှစတင်၍ အနုပညာလောကထဲ့ကို ဝင်ရောက်ခဲ့တာပါ။ Idol တစ်ယောက်အဖြစ် စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်လောကဘက်ကို ကူးလာခဲ့ပါတယ်။ အခုဆိုရင်တော့ အရည်အချင်းရှိလှတဲ့ မင်းသမီးတစ်လတ် ဖြစ်လာခဲ့ပါပြီ။

ဂီတပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာလက်ရာ အသစ်တွေလည်း ၂၀၂၀ မှာဆက်ရှိနေပါသေးတယ်။ လောလောဆယ်မှာတာ့ မင်းသား Nam Joo Hyuk နှင့် ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share