Categories: Celebrity News

Cha Eunwoo ကြောင့် ရယ်မောစရာ ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ရတဲ့ အထက်တန်းကျောင်း

နာမည်ကျော် ‘True Beauty’ webtoon ကို ဇာတ်လမ်းတွဲအဖြစ် အသက်သွင်းဖို့ မင်းသားနေရာမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေး Cha Eunwoo ကိုကမ်းလှမ်းထားတာ အားလုံးအသိဖြစ်မှာပါ။ အဲ့ဒီသတင်းကြောင့်ပဲ True Beauty ဇာတ်လမ်းတွဲအတွက် ရိုက်ကွင်းအဖြစ်ရေချယ်ထားတဲ့ အထက်တန်း ကျောင်းရဲ့ အုပ်ချုပ်သူတွေကလဲ ခေါင်းစားခဲ့ရပုံပါပဲ။

ဇာတ်လမ်းတွဲကို ဒီနှစ်အတွင်းမှာပဲ ရိုက်ကူးထုတ်လွှင့်တော့မှာဖြစ်တာကြောင့် ကိုယ့်ရဲ့ကျောင်းကို Cha Eunwoo ရုပ်ရှင်လာရိုက်တော့မယ်ဆိုလို့ အုတ်အော်သောင်းနင်းဖြစ်နေကြတဲ့ ကျောင်းသူလေးတွေကို တားဆီးဖို့ notice board မှာတောင် ရိုက်ကူးရေးနဲ့ပတ်သတ်တဲ့ ကြေညာချက်ကို ကပ်ထားရပါတယ်။

ကြေညာချက်ထဲမှာ ‘tvN ကရိုက်ကူးမယ့် True Beauty အတွက် ဒီကျောင်းမှာရိုက်ကူးဖို့ ရိုက်ကူးရေးအဖွဲ့က အတည်မပြုသေးပါဘူး၊ fact 1 : မိန်းကလေးဇာတ်ဆောင် ကျောင်းမပြောင်းသွားခင်က ဇာတ်ဝင်ခန်းတွေကိုသာရိုက်ကူးမှာဖြစ်လို့ ကျောင်းကို Cha Eunwoo လုံးဝမလာပါဘူး။

fact 2 : ကျောင်းက ဇာတ်လမ်းအရ နယ်မှာရှိတဲ့ကျောင်းဖြစ်ပါတယ်။ fact 3 : အဲ့ဒါကြောင့် Cha Eunwoo အကြောင်း စဉ်းစားတာရပ်ပြီး စာပဲလုပ်ကြပါ။ ကျောင်းအုပ်ရုံးခန်းကိုလဲ ခဏခဏ မလာကြပါနဲ့တော့’ လို့ ရေးထားတာပါ။

ကြေညာချက်တစ်ခုလုံးမှာကိုက ကျောင်းအုပ်ချုပ်ရေးနဲ့ ကျောင်းသူကျောင်းသားတွေကြားက ရင်းနှီးမှုကို ခံစားရစေပြီး Cha Eunwoo ရဲ့ ကျောင်းသူတွေကြားမှာ ရေပန်းစားမှုကိုလဲ အထင်းသားမြင်ရပါတယ်။ အင်တာနက်သုံးစွဲသူတွေ သဘောအကျကြီးကျနေတဲ့အချက်ကတော့ ‘Cha Eunwoo ဒီကို လုံးဝမလယပါဘူး’ ဆိုတဲ့အချက်ကို အနီရောင်စာလုံးအကြီးနဲ့ ရေးထားတာကိုပါ။

Source : Allkpop
Written : Dar Dar

Share