Categories: Celebrity News

ကြည့်ရှုရဖို့နီးကပ်လာပြီဖြစ်တဲ့ Jang Dong Yoon နဲ့ Krystal ပါဝင်မယ့် OCN ရဲ့ Drama သစ် ‘Search’

ဒီနှစ်အစောပိုင်းကတည်းက ပရိတ်သတ်တွေမျှော်လင့်နေရတဲ့ မင်းသား Jamg Dong Yoon နဲ့ မင်းသမီး Krystal Jung ပါဝင်မယ့် ‘Search’ ဇာတ်လမ်းတွဲကတော့ စတင်ရိုက်ကူးတော့မှာဖြစ်ပြီး ဒီနေ့မှာသရုပ်ဆောင်တွေအားလုံး ဧပြီလတည်းက ဇာတ်ညွှန်းစတင်ဖတ်ပြီး ပြင်ဆင်နေကြပြီလို့ soompi သတင်းဌာနကဖော်ပြထားပါတယ်။

Search ကတော့ အားလုံးသိထားတဲ့အတိုင်း military thriller အမျိုးအစားဖြစ်ပြီး စစ်မဲ့ဇုန်ထဲက ထူးဆန်းတဲ့လူပျောက်ဆုံးမှုတွေ လူသတ်မှုတွေကို ဖော်ထုတ်ဖို့ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကို ဇာတ်အိမ်တည်ထားတဲ့ OCN ရဲ့ထုံးစံအတိုင်း ရင်တမမနဲ့ကြည့်ရတဲ့ ဇာတ်လမ်းမျိုးဖြစ်လာမှာပါ။

ဒါဟာ မင်းသား Jang Dong Yoon အတွက် ပထမဆုံး thriller အမျိုးအစားဖြစ်ပြီး Krystal ကတော့ ရဲရင့်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ဗိုလ် Son Ye Rim အဖြစ်သရုပ်ဆောင်မှာပါ။ ထုတ်လုပ်ရေးအဖွဲ့ကတော့ သရုပ်ဆောင်တွေအားလုံးရဲ့ စိတ်အားထက်သန်မှုနဲ့ ဇာတ်ကောင်အပေါ်စီးမျောနိုင်မှု စွမ်းရည်တွေက ပထမဆုံးဇာတ်ညွှန်းဖတ်တဲ့အခါမှာတင် အထင်ကြီးစရာဖြစ်တယ်လို့ ဝေမျှထားပါသေးတယ်။

‘Search’ ဇာတ်လမ်းတွဲကိုတော့ ‘House Of The Disappeared’ နဲ့ ‘Horror Stories’ လို ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့တဲ့ thriller အထူးပြု ဒါရိုက်တာ Im Dae Woong က ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်းဆရာ Goo Mo နဲ့ Go Myung Joo ရဲ့ပူးပေါင်းဖန်တီးမှု မို့လို့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲပါပဲ။ ၂၀၂၀ ရဲ့ ဒုတိယနှစ်ဝက်မှာ ပြသတော့မှာမို့ ကြည့်ရဖို့လဲ နီးကပ်နေပါပြီ။

Source : Soompi
Written : Dar Dar

Share