Categories: Celebrity News

BTS ရဲ့ Baskin-Robbins ကြော်ငြာvideoကိုတရားမဝင် ဖြန့်ဝေသူများကို အရေးယူမည်

နာမည်ကြီး Ice cream brand တစ်ခုဖြစ်တဲ့ Baskin-Robbins ဟာ BTS ရိုက်ကူးထားတဲ့ သူတို့ရဲ့ကြော်ငြာ Video ကိုonlineမှာတရားမဝင် ဖြန့်ဝေနေသူများကို အရေးယူမည်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

အခုလအစပိုင်းမှာ BTS အဖွဲ့ဟာ Baskin-Robbins ရဲ့ ပြောရေးဆိုခွင့်ရှိသူ (spokesmodel)အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့မှာ Baskin-Robbins ကသူတို့ရဲ့ကိုယ်ပိုင် Twitter Acc မှာကြော်ငြာဗီဒီယို Online မှာပြန့်သွားတာနှင့် ပက်သက်ပြီး တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

Company ရဲ့ Full Statement ကတော့ ” ကျွန်တော်တို့ Baskin-Robbins နှင့် BTS တို့ရဲ့ ပူးပေါင်းမှုကို အားပေးနေကြတဲ့သူတွေအတွက် announcement တစ်ခုလုပ်ချင်ပါတယ်။ အခု Online မှာပျံနှံနေတဲ့ videoဟာကျွန်တော်တို့ရဲ့ အပီးသတ်video မဟုတ်ပါဘူး။

အချောမသတ်ထားသေးတဲ့ အကြမ်းvideo တစ်ခုပါ။ အဆိုပါ videoကိုဖြန့်ဝေသူတွေအနေနှင့် တရားဥပဒေအရ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့ကြောင့်မို့ အာလုံးပဲ Official video ထွက်ရှိလာမှသာ အားပေးကြဖို့ပြောချင်ပါတယ်။” ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်။

သို့ပင်မဲ့ ယခုလိုထုတ်ပြန်ချက်နှင့် ပက်သက်ပြီး ပရိတ်သတ်တွေဆီက ဝေဖန်မှုပြန်ရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထုတ်ပြန်ချက်ဟာ Fan တွေကိုတိုက်ရိုက် ရည်ညွှန်းထားတဲ့ ပုံဖြစ်နေလို့ပါတဲ့။

ဘာသက်သေ အထောက်အထားမှမရှိဘဲ Fan တွေဖြန့်ဝေလိုက်လို့ ပျံနှံ့သွားတယ်ဆိုပြီးသဘောဆောင်တဲ့ announcement တစ်ခုထုတ်ပြန်ခဲ့လို့ပါ။ ထို့နောက်ပိုင်းမှာတော့ Baskin-Robbins ကလည်းသူတို့ရဲ့ ထုတ်ပြန်ထားတဲ့ Tweet ကိုပြန်ဖျက်သွားခဲ့ပါတယ်။

Source: Soompi
Written: Phoo Phoo

Share