Categories: Celebrity News

Lay Zhang အတွက်ရေးထားတဲ့ Fanfiction တစ်ခုကို ရုပ်ရှင်အဖြစ်ဖန်တီးတော့မည်

အင်ဒိုနီးရှားပရိတ်သတ်တစ်ယောက် ရေးသားထားတဲ့ “My Lecturer, My Husband” ဆိုတဲ့ Novel ကိုရုပ်ရှင်အဖြစ် ရိုက်ကူးမည်ဆိုတဲ့သတင်းဟာ Online community မှာနာမည်ကြီးနေခဲ့ပါတယ်။

အကြောင်းကတော့ အဆိုပါဝထ္ထု (Novel) ဟာ Lay Zhang ကို inspire ယူပြီးအသက်သွင်းထားတဲ့ Fanfic တစ်ခုဖြစ်နေလို့ပါ။ ဒီဝထ္ထုဟာအစကတော့ Lay Zhang ကိုအဓိကဇာတ်ကောင် အဖြစ်စိတ်ကူးယဉ်ပြီး Wattpad မှာရေးသားထားတဲ့ Fanfic တစ်ခုအနေနှင့်သာရှိခဲ့တာပါ။

နောက်ပိုင်းမှာတော့ plot အနည်းငယ်ပြောင်းလိုက်ပြီး အင်ဒိုနီးရှားယဉ်ကျေးမှုဓလေ့တွေနှင့်လည်း မသွေဖီအောင်ပြောင်းလဲ၍ စာအုပ်အဖြစ်ထုတ်ဝေခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ ရုပ်ရှင်အဖြစ် ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာအဓိက သရုပ်ဆောင်အဖြစ် ပါဝင်မယ့်သူကတော့ နာမည်ကြီး အင်ဒိုနီးရှားမင်းသား Reza Rahadian ပဲဖြစ်ပါတယ်။ ဒီသတင်းဟာ တရုတ်မီဒီယာများမှတစ်ဆင့် Weibo တွင် ပျံ့နှံ့သွားခဲ့ပြီး ပရိတ်သတ်များကတော့ Lay အတွက်ရော Fanficရေးခဲ့တဲ့ဖန်လေးအတွက်ပါ ဝမ်းသာပေးနေကြပါတယ်။

အထူးသဖြင့် EXO-Ls တွေကတော့ အခုလို Lay နှင့်ပက်သက်ပြီး ပြောင်မြောက်တဲ့ လက်ရာတစ်ခု ကမ္ဘာကိုချပြနိုင်တော့မှာဖြစ်တဲ့အတွက် ဝမ်းသာမဆုံးဖြစ်နေကြပါတယ်။ တစ်ဖက်ကနေကြည့်လျှင်လည်း Fanfic ရေးနေကြတဲ့ စာရေးဝါသနာရှင်လေးတွေအတွက် Motivation ကောင်းကောင်းရလိုက်တာပါပဲ။

မိမိရေးထားတဲ့ Fic လေးလည်းတချိန်ကျရင် ရုပ်ရှင်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်နော်။ ပရိတ်သတ်ကြီးရော ကိုယ်ရေးထားတဲ့ Fanfic တစ်ခုသာ movie အဖြစ်အသက်သွင်းခံရမယ်ဆိုရင် ဘယ်လိုခံစားရနိုင်လဲဆိုတာကို ပြောပြပေးခဲ့ပါဦး။

Source: Allkpop
Written: Phoo Phoo

Share