Categories: Celebrity News

ဂျပန်နိုင်ငံမှ နာမည်ကြီးမင်းသား Miura Haruma မိမိကိုယ်ကို အဆုံးစီရင်

ယနေ့ ၂၀၂၀ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့မှာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ ဂျပန်နိုင်ငံမှ နာမည်ကြီးသား Miura Haruma အဆုံးစီရင်သွားခဲ့တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ ဂျပန်စံတော်ချိန် နေ့လည် ၁ နာရီမှာတော့ Miura Maruma အား သူ့ရဲ့တိုကျိုမြို့ရှိနေအိမ်မှာ ဆွဲကြိုးချပြီးအဆုံးစီရင်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ဆေးရုံကိုအမြန်ဆုံးပို့ခဲ့ပေမယ့်လည်း မကြာခင်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သေဆုံးတဲ့အချိန်မှာ အသက် ၃၀ ရှိပါပီ။ သေဆုံးခဲ့ရတဲ့ အကြောင်းအရင်း အတိအကျကို မကြာခင် သတင်းထုတ်ပြန်မယ်လို့ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Miura Haruma ဟာ Sky Of Love, Kimi ni Todoke, Attack on Titans စတဲ့ ဇာတ်ကားများနဲ့လူသိများကျော်ကြားသူပါ။ မှည့်လေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ Haruma ကတော့ ပရိတ်သတ်တွေရဲ့ အသဲကျော်တစ်ယောက်ပေါ့။

Haruma ရဲ့ ဇာတ်လမ်းအများစုမှာလည်း ကြည့်ရှုသူများအကြိုက်တွေ့ခဲ့တဲ့ ကားများဖြစ်ပြီး ကျရာဇာတ်ကောင်ကိုလည်း ပီပြင်စွာသရုပ်ဆောင်နိုင်သူပါ။ ဒီလို အနုပညာရှင်တစ်ယောက် ကြွေလွင့်ခဲ့ရတာ ဖြေမဆည်နိုင်ပါဘူး။ Miura Haruma တစ်ယောက် အေးချမ်းတဲ့ ဘုံမှာ ကောင်းမွန်စွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

REST IN PEACE!

Source: news24ntv
Written: Gyi Gyi

Share