Categories: Celebrity News

အမွှာလေးသုံးယောက်ရဲ့ အပြင်ထွက်လည်စဉ်က ပုံရိပ်တွေကိုပြလိုက်တဲ့ Song ll Kook

မင်းသား Song ll Kook မှာအမွှာသားလေးသုံးယောက်ရှိတယ်ဆိုတာကို ပရိတ်သတ်ကြီးလည်းသိမှာပါ။ The Return of superman အစီအစဉ်မှာပါပြီးကတည်းက ပရိတ်သတ်ကြီးက ဒီကလေးသုံးယောက်ကို အရမ်းချစ်ခဲ့ကြတာပါ။

အစီအစဉ်မှာမပါဝင်တော့သည့်တိုင် သူတို့သုံးယောက်အပေါ် ပရိတ်သတ်တွေထားတဲ့အချစ်က မလျော့သွားခဲ့ပါဘူး။ ဒါ့ကြောင်လည်း Song ll Kook ကသူ့ရဲ့သားလေးသုံးဦးနှင့် ပက်သက်တဲ့သတင်းတွေကို ရရင်ရသလို Instagram မှာတင်ပေးလေ့ရှိပါတယ်။

ဇူလိုင် ၁၆ရက်နေ့က Daehan, Minguk, Manse အပြင်ထွက်လည်စဉ် ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ဖေဖေ Song ll Kook ကသူရဲ့ Instagram Accမှာတင်ပေးလိုက်ပါတယ်။ Namsan ကိုရောက်တုန်း ရိုက်ကူးထားတဲ့ ပုံလေးတွေပါ။

တောင်ခြေမှာ အအေးသောက်နေတဲ့ပုံလေးတွေလည်း ပါပါတယ်။ သူတို့ပြုံးရွှင်နေတဲ့ပုံထောက်ရင်တော့ Namsan မှာတော်တော်ပျော်ခဲ့တဲ့ပုံပါပဲ။ ဓာတ်ပုံတွေရဲ့အောက်ခြေမှာတော့ Song ll Kook က “ရာသီဥတုလည်းကောင်းတော့ ကလေးတွေကို Namsan ကိုလိုက်ပို့။

သူတို့ခမျာ ကိုယ်ဗစ်ကြောင့် အိမ်ထဲမှာပဲနေနေရတော့ စိတ်ထဲမကောင်းဘူး ” ဆိုပြီးရေးသားထားပါတယ်။ ပရိတ်သတ်တွေကတော့ ကလေးသုံးယောက်စလုံးကို အခုလိုကျန်းကျန်းမာမာတွေ့ရလို့ ဝမ်းသာနေကြပါတယ်။

Daehan, Minguk, Manse ဟာ The return of superman အစီအစဉ်မှာ 2014 ခုနှစ်မှ 2016 အထိ ပါဝင်ခဲ့ဖူးပါတယ်။ ပြင်သစ်မှာတစ်နှစ်ခန့် နေခဲ့ပြီးနောက် လွန်ခဲ့တဲ့နှစ်ကမှ ကိုရီးယားကိုပြန်လည်ပြောင်းလာခဲ့ကြတာပါ။ ပရိတ်သတ်ကြီးရော Daehan, Minguk, Manse ကိုမလွမ်းကြဘူးလား။

Source: SBS star
Written: Phoo Phoo

Share