Categories: Celebrity News

V ရဲ့ boyfriend material ပုံ လှလှလေးတွေနောက်ကွယ်က camera woman ကို ထုတ်ဖော်ပြောကြား

ဇူလိုင် ၁၇ ရက်နေ့မှာတော့ BTS အဖွဲ့ဝင် V ဟာ သူ့ရဲ့ခွေးလေး Yeotan နဲ့ အိပ်ယာပေါ်မှာဆော့နေတာကို ပုံလှလှလေးတွေရိုက်ပြီး weverse မှာတင်ခဲ့ပါတယ်။ ပုံတွေထဲမှာ V ရဲ့မိတ်ကပ်မပါပဲ သဘာဝဆန်ဆန်ချောမောမှုနဲ့ Yeotan လေးကို ချစ်ချစ်ခင်ခင်ကြည့်နေတဲ့ မျက်နှာကို အနီးကပ်မြင်ရတာကြောင့် တကယ့်ကို boyfriend material ပါပဲ။

ပရိတ်သတ်တွေက ဒီလိုပုံလေးတွေကို တွေ့ရတဲ့အခါ V နဲ့ Yeotan တို့ကို ချစ်မဝဖြစ်ရုံသာမက ဒီလောက်ပုံထွက်ကောင်းတဲ့ ဓာတ်ပုံလေးတွေကို ဘယ်သူရိုက်ပေးလဲဆိုတာ သိချင်ခဲ့ကြပါတယ်။

Fan တစ်ယောက်က “LOL! ဓာတ်ပုံတွေကို ဘယ်သူရိုက်ပေးလဲတောင်သိချင်လာပြီ။ အိုပါးဘာသာ ကင်မရာထောင် timer ပေးပြီး Yeotan ကိုအဲ့လိုကြည့်တဲ့ ပို့စ်နဲ့ရိုက်တာများလား” လို့ မေးခဲ့ပါတယ်။

အဲ့ဒီမေးခွန်းကိုတော့ V က ‘မားသား’ လို့ အသံထွက်အတိုင်း ကိုရီးယားလိုရေးပြီး ရွှတ်နောက်နောက်ဖြေခဲ့တာမို့ ARMY တွေက V တစ်ယောက် မိသားစုနဲ့ရှိနေတာ သိရပြီးစိတ်ချမ်းသာခဲ့သလို V ရဲ့မေမေက တကယ်ကို ဓာတ်ပုံရိုက်တော်တာပဲလို့ ချီးကျူးခဲ့ကြပါတယ်။ ပရိတ်သတ်တွေရော ယူတို့ ယောက္ခမကြီး V ရဲ့မေမေရိုက်ပေးတဲ့ ပုံလေးတွေက်ို သဘောကျကြရဲ့လား?

Source: Koreaboo
Written: Dar Dar

Share