Categories: Celebrity News

ဒဏ်ရာကြောင့် အနုပညာလှုပ်ရှားမှုများ ခေတ္တရပ်ဆိုင်းသွားမည့် Ro Woon

Extraordinary You ဇာတ်လမ်းတွဲဖြင့် တဟုန်ထိုး နာမည်ကြီးလာတဲ့ Ro Woon ကတော့ SF9 ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ Ro Woon ရဲ့ ဒဏ်ရာသတင်းကို SF9 ရဲ့ အေဂျင်စီ FNC Entertainment ကကြေညာသွားတာပါ။ FNC Entertainment က SF9 ရဲ့ Officail Fan site မှာ ဒီလိုကြေညာသွားခဲ့ပါတယ်။

“Ro Woon ဟာ SF9 အဖွဲ့နဲ့ အနုပညာလှုပ်ရှားမှုတွေလုပ်ရင်း ကျော နဲ့ ဒူးဒဏ်ရာရရှိခဲ့ပါတယ်။ ဆရာဝန်ကတော့ ခန္ဓာကိုယ်ကို အနားပေးပြီး အကလှုပ်ရှားမှုများ အပါအဝင် ပြင်းထန်တဲ့လှုပ်ရှားမှုတွေမလုပ်ဖို့ ပြောခဲ့ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ Ro Woon ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်စီစဉ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ Ro Woon ပြန်လည်သက်သာလာတဲ့အထိ ပြင်းထန်တဲ့အကလှုပ်ရှားမှုတွေပြုလုပ်ရမယ့် အနုပညာလှုပ်ရှားမှုတွေမှာ ပါဝင်သွားမှာမဟုတ်ပါဘူး။” လို့ ကြေညာခဲ့ပါတယ်။

ဆက်လက် ပြောကြားခဲ့တာကတော့ ” “နောက်ဆက်တွဲအနေနဲ့ ဩဂုတ်လ ၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ SF9 ရဲ့ online concert ” NOOB CON” ကိုလည်း ရွှေ့ဆိုင်းသွားမှာပါ။ ကျွန်တော်တို့အနုပညာရှင်တွေရဲ့ ကျန်းမာရေးက ကျွန်တော်တို့အတွက် အရေးကြီးဆုံးပါ။

Ro Woon မြန်မြန်ပြန်လည်ကျန်းမာအောင်လည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ Ro Woon ရဲ့ ကျန်းမာရေးအခြေအနေအနေနဲ့ သူ့ရဲ့အနာဂတ်အနုပညာလှုပ်ရှားမှုတွေကိုလည်း ထပ်မံသတင်းထုတ်ပြန်သွားပါမယ်။ ” လို့ FNC က ကြေညာသွားခဲ့ပါတယ်။ Ro Woon မြန်မြန်သက်သာလာပြီး ပရိသတ်တွေဆီကိုမြန်မြန်ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: SBS Star
Written: Gyi Gyi

Share