Categories: Celebrity News

လုပ်ငန်းသစ်ချဲ့ထွင်ပြီး စီးပွားရေးလုပ်ငန်းမှာ ခြေလှမ်းသစ်လှမ်းလိုက်ပြန်တဲ့ သူဌေးလေး Jackson Wang

GOT7 အဖွဲ့နဲ့ရော တစ်ကိုယ်တော်အနေနဲ့ရော အနုပညာလှုပ်ရှားမှုတွေ မရပ်မနားလုပ်နေရပေမယ့် Jackson ရဲ့အလုပ်နဲ့ပတ်သတ်တဲ့ စိတ်အားထက်သန်မှုကတော့ ဘယ်တော့မှရပ်တန့်မှာ မဟုတ်ပါဘူး။

သူ့ရဲ့ကိုယ်ပိုင် label ဖြစ်တဲ့ Team Wang ကနေ ‘Team Wang Design’ ဆိုတဲ့နာမည်နဲ့ အဝတ်အထည်လောကဘက်မှာပါ စီးပွားရဲ့ချဲ့ထွင်လိုက်ပြန်ပါပြီ။ ဇူလိုင် ၁၈ ရက်နေ့မှာတော့ Team Wang Design နဲ့ ပထမဆုံး collection ဖြစ်တဲ့ ‘The Original’ ကို စတင်ဖြန့်ချိခဲ့ပြီး worldwide trend တောင်ဖြစ်ခဲ့ကြောင်းကို သူ့ရဲ့ instagram မှာ ဂုဏ်ယူစွာတင်ထားပါသေးတယ်။

‘The Original’ collection ကိုတော့ online မှာဝယ်ယူနိုင်ရုံသာမက Shanghai မှာလဲ pop-up store တစ်ခု ခဏတာဖွင့်လှစ်ထားပြီး U.S နဲ့ Canada မှာလဲ select shops တွေကတဆင့် ဝယ်ယူနိုင်ပါတယ်တဲ့။

Jackson Wang ဟာ Team Wang Design ရဲ့ တည်ထောင်သူ၊ Creative Director တစ်ယောက်ဖြစ်တဲ့အပြင် ဒီဇိုင်နာတာဝန်ကိုပါတွဲဖက်ယူထားပြီး ဒီလိုအကောင်အထည်ဖော်နိုင်ဖို့ သုံးနှစ်တာတောင်ကြိုးစားခဲ့ရပါတယ်တဲ့။

အောင်မြင်မှုပန်းတိုင်ကိုရောက်နေပြီးသားဖြစ်ပြီး သုံးမကုန်အောင်ကြွယ်ဝနေပေမယ့် အမြဲတမ်းအသစ်အသစ်သော စိန်ခေါ်မှုတွေအတွက်ကြိုးစားနေတဲ့ Jackson Wang ကတော့ အားကျစရာပါပဲ။

(Zawgyi) လုပ္ငန္းသစ္ခ်ဲ႕ထြင္ၿပီး စီးပြားေရးလုပ္ငန္းမွာ ေျခလွမ္းသစ္လွမ္းလိုက္ျပန္တဲ့ သူေဌးေလး Jackson Wang

GOT7 အဖြဲ႕နဲ႔ေရာ တစ္ကိုယ္ေတာ္အေနနဲ႔ေရာ အႏုပညာလႈပ္ရွားမႈေတြ မရပ္မနားလုပ္ေနရေပမယ့္ Jackson ရဲ့အလုပ္နဲ႔ပတ္သတ္တဲ့ စိတ္အားထက္သန္မႈကေတာ့ ဘယ္ေတာ့မွရပ္တန႔္မွာ မဟုတ္ပါဘူး။

သူ႔ရဲ့ကိုယ္ပိုင္ label ျဖစ္တဲ့ Team Wang ကေန ‘Team Wang Design’ ဆိုတဲ့နာမည္နဲ႔ အဝတ္အထည္ေလာကဘက္မွာပါ စီးပြားရဲ့ခ်ဲ႕ထြင္လိုက္ျပန္ပါၿပီ။ ဇူလိုင္ ၁၈ ရက္ေန႔မွာေတာ့ Team Wang Design နဲ႔ ပထမဆုံး collection ျဖစ္တဲ့ ‘The Original’ ကို စတင္ျဖန႔္ခ်ိခဲ့ၿပီး worldwide trend ေတာင္ျဖစ္ခဲ့ေၾကာင္းကို သူ႔ရဲ့ instagram မွာ ဂုဏ္ယူစြာတင္ထားပါေသးတယ္။

‘The Original’ collection ကိုေတာ့ online မွာဝယ္ယူနိုင္႐ုံသာမက Shanghai မွာလဲ pop-up store တစ္ခု ခဏတာဖြင့္လွစ္ထားၿပီး U.S နဲ႔ Canada မွာလဲ select shops ေတြကတဆင့္ ဝယ္ယူနိုင္ပါတယ္တဲ့။

Jackson Wang ဟာ Team Wang Design ရဲ့ တည္ေထာင္သူ၊ Creative Director တစ္ေယာက္ျဖစ္တဲ့အျပင္ ဒီဇိုင္နာတာဝန္ကိုပါတြဲဖက္ယူထားၿပီး ဒီလိုအေကာင္အထည္ေဖာ္နိုင္ဖို႔ သုံးႏွစ္တာေတာင္ႀကိဳးစားခဲ့ရပါတယ္တဲ့။

ေအာင္ျမင္မႈပန္းတိုင္ကိုေရာက္ေနၿပီးသားျဖစ္ၿပီး သုံးမကုန္ေအာင္ႂကြယ္ဝေနေပမယ့္ အျမဲတမ္းအသစ္အသစ္ေသာ စိန္ေခၚမႈေတြအတြက္ႀကိဳးစားေနတဲ့ Jackson Wang ကေတာ့ အားက်စရာပါပဲ။

Source: Soompi
Written: Dar Dar

Share