Categories: Celebrity News

Park Seo Joon နဲ့ Parasite မင်းသား Choi Woo Shik တို့ကြားက ချစ်စရာညီအစ်ကို သံယောဇဉ်

Kpop လောကက Park Seo Joon, Peakboy, Choi Woo Shik, Park Hyung Sik နဲ့ BTS’V တို့ပါဝင်တဲ့ တအားရင်းနှီးကြတဲ့သူငယ်ချင်းအဖွဲ့ Wooga Squad အကြောင်းအားလုံးလည်းသိပြီးဖြစ်မှာပါ။ Seo Joon နဲ့ Woo Shik တို့က tvN ရဲ့ Summer Vacation အပိုင်းတစ်ခုမှာ သူတို့ကြားက ကြီးမားတဲ့ညီအစ်ကိုသံယောဇဉ်ကို ပရိတ်သတ်တွေကို ဖွင့်ဟပြခဲ့ပါတယ်။ Choi Woo Shik တစ်ယောက် show မှာမင်းသမီး Jung Yu Mi နဲ့ထမင်းစားနေတုန်း Park Seo Joon ကို Show မှာဧည့်သည်အနေနဲ့ လာတဲ့အခါလိုအပ်တာတွေပြင်ဆင်ထားရအောင်ဆိုပြီး ဖုန်းဆက်ခဲ့ပါတယ်။

Park Seo Joon က Dream ရုပ်ရှင်ရိုက်ရင်းနဲ့ လည်ပင်းနာနေကြောင်းပြောတဲ့အခါ Choi Woo Shik က “မနက်ဖြန် show ကိုလာတဲ့အခါ လည်ပင်းနာတာသက်သာစေတာမျိုးပဲဖြစ်ဖြစ် ပရိုတင်းအများကြီးပါတာမျိုးပဲဖြစ်ဖြစ်ပြင်ဆင်ထားရမလား”ဆိုပြီး ကြင်ကြင်နာနာမေးခဲ့ပါတယ်။ Choi Woo Shik ရဲ့စိုးရိမ်တကြီးလေသံကိုနားထောင်ပြီး Park Seo Joon ကတောင်စိတ်လှုပ်ရှားသွားပုံပါပဲ။ “ဘယ်တုန်းကငါ့ကိုအဲ့လောက်ဂရုစိုက်သွားတာလဲ” လို့ အံ့ဩတကြီးပြန်မေးခဲ့ပါတယ်။

Choi Woo Shik တစ်ယောက်ကတော့ ဒီလောက်နဲ့ မရပ်ပဲ “အမြဲတမ်း အစ်ကိုကို ဂရုစိုက်လာတာပဲကို ၊မအိပ်ခင်အရမ်းမအေးတာလေးစားပြီးအိပ်အုံး” လို့ထပ်ကွန့်ခဲ့ပါသေးတယ်။ ဒီညီအစ်ကိုနှစ်ယောက်ကတော့မနိုင်ဘူးနော်။ နှစ်ယောက်လုံးနာမည်ကြီးတွေဖြစ်နေပေမယ့် ဒီလိုပကာသနမပါပဲ စကားလုံးလေးတွေနဲ့ ဂရုစိုက်ပေးတာကတော့ ဘာပဲပြောပြောကြည်နူးစရာလေးပါ။

Source: Koreaboo
Written: Helra

Share