Categories: Celebrity News

Ji Soo, Ha Seok Jin နဲ့ Im Soo Hyang တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းသစ်

Ji Soo, Ha Seok Jin နဲ့ Im Soo Hyang တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွဲသစ်ကို မကြာခင်ကြည့်ရတော့မှာပါ။ ဇာတ်လမ်းတွဲရဲ့ နာမည်ကတော့ “When I Was Prettiest”!ဖြစ်ပြီးတော့ MBC မှထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

“When I Was Prettiest” မှာ အမျိုးသမီးတစ်ယောက်တည်းကို ချစ်မိသွားခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကြောင်းကို တင်ဆက်သွားမှာပါ။ Im Soo Hyang ကတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ ဇာတ်လိုက်ဖြစ်တဲ့ Oh Ye Ji အဖြစ်သရုပ်ဆောင်မှာပြီး Ji Soo နဲ့ Ha Seok Jin ကတော့ Oh Ye Ji ကို ချစ်ကျွမ်းဝင်မိခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်အဖြစ် သရုပ်ဆောင်သွားမှာပါ။

“When I Was Prettiest” ကို ဩဂုတ်လ 19 ရက်နေ့မှာ MBC မှာ စတင်ပြသသွားမှာပါ။ အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာထုတ်လွှင့်ပြသသွားမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ Ji Soo ကိုပထမဆုံး ဇာတ်လိုက်အဖြစ်မြင်တွေ့ရမယ့် ဇာတ်လမ်းတွဲတစ်ခုပါ။

Ji Soo ရဲ့ ပရိသတ်တွေကတော့ မဖြစ်မနေကြည့်ရှုရမယ့်ဇာတ်လမ်းတွဲတစ်ခုလို့ ထင်ပါတယ်နော်။ ယခုဆိုရင်တော့ “When I was Pretty” ရဲ့ပထမဆုံး Teaser လည်းထွက်ရှိလာပြီး။ အားလုံးကြည့်ရှုခံစားလို့ရအောင်လည်း ဖော်ပြပေးလိုက်ပါတယ်နော်။

(Zawgyi) Ji Soo, Ha Seok Jin နဲ့ Im Soo Hyang တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းသစ်





Source: Soompi
Written: Gyi Gyi

Share