Categories: Celebrity News

ကိုယ်ပိုင် Youtube Channel ကတင် ဝင်ငွေများစွာရရှိနေတဲ့ idol များ

Concert လက်မှတ်ရောင်းရငွေတွေ album ရောင်းရငွေတွေနဲ့ အနုပညာလုပ်ငန်းအသီးသီးကနေလဲ ဝင်ငွေရနေတဲ့အပြင် idol တွေအတွက် အခြားသော ဝင်ငွေအရင်းအမြစ်တွေထဲမှာ youtube လို platform တွေလဲ ပါပါတယ်။

ဒီ idol တွေ ကတော့ သူတို့ရဲ့ ကိုယ်ပိုင် youtube channel ကတင် ဝင်ငွေများစွာ ရရှိနေသူတွေပါ။

Bomi (Apink)


Apink အဖွဲ့ဝင် Bomi ကတော့ သူ့ရဲ့ youtube channel ဖြစ်တဲ့ ‘Bbom Bbom Bbom’ မှာ တစ်နေ့တာလှုပ်ရှားမှုလေးတွေကို vlog လေးတွေရိုက်ကာ တင်ပေးလေ့ရှိပြီး subscribers 812,000 ရှိပြီး views ပေါင်း 49 millions တောင်ရှိတာမို့ ခန့်မှန်းချေဝင်ငွေကတော့ တစ်နှစ်ကို $87,800 တောင် ရှာနိုင်ပါတယ်။

Jae (Day6)


DAY6 အဖွဲ့ဝင် Jae ကလဲ သူ့ရဲ့ပေါ့ပါးလွတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ဘဝကို eaJ ဆိုတဲ့ channel ကနေ ပရိတ်သတ်တွေ ပျော်ရွှင်ရယ်မောရအောင် ဖန်တီးပေးနေပါတယ်။ subscribers အနေနဲ့ကတော့ 881000 ရှိပြီး တစ်နှစ်ဝင်ငွေကတော့ $157,900 လောက် ဝင်နေပါတယ်တဲ့။

Taeyeon (SNSD)


သူ့ရဲ့ချစ်စရာပုံရိပ်လေးတွေကို မြင်နိုင်မယ့် Taengoo TV ဆိုတဲ့ channel လေးကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး subsribers က 1.2 millions တောင်ကျော်နေပါပြီ။ Views ကလဲအားလုံးပေါင်း 38 million တစ်နှစ်ကို $23,700
လောက် ဝင်ငွေရရှိပါတယ်။

Suhyun (AKMU)


သီချင်းကောင်းလေးတွေကို အမြဲ cover ဆိုပြီး တင်ပေးလေ့ရှိတဲ့ Suhyun ရဲ့ Leesuhyun ဆိုတဲ့ channel လေးကတော့ 1.47 million subscribers ရှိပြီး တစ်နှစ်ကို ဒေါ်လာ 147,000 လောက်တောင် ရနေပါတယ်တဲ့။

HyunA


September 2019 ကမှ စတင်ခဲ့ပေမယ့် အခုချိန်မှာ subscribers ပေါင်း 1.45 million ရရှိနေတဲ့ Hyuna ရဲ့ channel လေးကတော့ တစ်နှစ်အတွင်းမှာပဲ စုစုပေါင်း views 38 သန်းနဲ့ youtube ကနေ ဝင်ငွေ $78,400 ရရှိခဲ့ပါတယ်တဲ့။

Chen


EXO အဖွဲ့ဝင် Chen ကလဲ မတ်လ ၂၀၁၉ ကမှ ဖွင့်ထားတဲ့ သူ့ရဲ့ကိုယ်ပိုင် channel မှာ အသံချိုချိုလေးနဲ့ဆိုထားတဲ့သီချင်းတွေ အများကြီးကို တင်ပေးနေတာပါ။ Subscribers အနေနဲ့တော့ 1.72 million ရှိပြီး တစ်နှစ်ဝင်ငွေအနေနဲ့ကတော့ $154,00 ပါ။

Solar (Mamamoo)


Idol တစ်ယောက်ဆိုတာထက် အလှအပနဲ့ lifestyle ကိုဝေမျှတတ်တဲ့ youtuber တစ်ယောက်လို့တောင် ဆိုရမယ့် Solarsido channel ကလဲ subscribers 2.24 millions တောင် ရှိတာကြောင့် $247,300 လောက်တော့ နှစ်စဉ်ဝင်နေပါတယ်။

Baekhyun (EXO)


မေလ ၂၀၁၉ ကမှ စတင်ခဲ့တဲ့ Baekhyun ရဲ့ youtube channel ကလဲ subscriber ပေါင်း 2.89 million တောင်ရှိပြီး ဗီဒီယို ၁၃ ခုသာတင်ထားပေမယ့် views က 34သန်း ရှိတာမို့ youtube channel တစ်ခုတည်းနဲ့တင် တစ်နှစ်ကို $41,800 USD ရနေပါတယ်။

IU


၂၀၁၇ ခုနှစ်က စတင်ခဲ့ပြီး vlog လေးတွေ သီချင်း cover လေးတွေတင်ပေးနေတဲ့ IU ရဲ့ကိုယ်ပိုင် youtube channel လေးကလဲ subscribers 3.7 million နဲ့ ဗီဒီယို ၉၃ ခုအတွက် views ပေါင်း 162 သန်းနဲ့ တစ်နှစ်ကို youtube channel တစ်ခုတည်းကတင် $558,600 လောက် ငွေဝင်နေတဲ့ သူဌေးမလေးပါ။

Lisa (BLACKPINK)


၂၀၁၈ ခုနှစ်ကစတင်ခဲ့ပေမယ့် ဗီဒီယို ၉ ခုပဲတင်ထားတာတောင် views ပေါင်း 107 သန်းနဲ့ subscribers 3.6 million ရှိတဲ့ Lisa ရဲ့ Lilifilm Official ဆိုတဲ့ channel လေးရဲ့ တစ်နှစ်ဝင်ငွေကတော့ $996,400 million နဲ့ kpop idol တွေထဲမှာ youtube ဝင်ငွေ အများဆုံးပါ။

Source: Koreaboo
Written: Dar Dar

Share