Categories: Celebrity News

Kpop idol တွေပရိတ်သတ်တွေဆီကလက်ခံရရှိခဲ့တဲ့ တန်ဖိုးအကြီးဆုံးလက်ဆောင်များ

K-pop ပရိတ်သတ်တွေဟာ များသောအားဖြင့် idol တွေရဲ့ official album တွေ goods တွေဝယ်ပြီးအားပေးလေ့ရှိကြပါတယ်။ ဒီကြားထဲမှာ idol သဘောကျမယ့်လက်ဆောင်လေးတွေဝယ်ပြီးပေးတတ်တဲ့ ပရိတ်သတ်တွေလည်းရှိပါတယ်။

အခုဖော်ပြသွားမှာကတော့ K-pop idol တွေလက်ခံရရှိခဲ့တဲ့ စျေးအကြီးဆုံးဆိုတဲ့လက်ဆောင်တွေပါ။

၁။ Idol-themed Subway for EXO’s Xiumin

ဧပရယ် ၈ ရက်နေ့မှာကျရောက်တဲ့ Xiumin ရဲ့ debut ၆ နှစ်ပြည့်အထိမ်းအမှတ်နဲ့ မတ်လ ၂၆ ရက်မှာကျရောက်မယ့် မွေးနေ့အမှတ်တရ လက်ဆောင်အဖြစ်ပရိတ်သတ်တွေက ရထားတွဲတစ်တွဲဖန်တီးပေးခဲ့တာပါ။ ဒါရဲ့ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၅၀၀ ကျော်ကုန်ကျခဲ့ပြီး မြန်မာငွေနဲ့တွက်ကြည့်ရင် အဲဒီအချိန်က ၃၅ သိန်းနီးပါးရှိပါတယ်။

ရထားတွဲတစ်တွဲလုံးကို Xiumin နဲ့သက်ဆိုင်တဲ့အရာတွေနဲ့ပဲ ပြင်ဆင်ခဲ့ပြီး Seoul Subway Line Number 7 မှာ ၂၀၁၈ ဧပရယ်လ ၉ ရက်နေ့ကစလို့ တစ်လကြာပြေးဆွဲခဲ့ပါတယ်။

၂။ A Bundle of Luxury Items for Twice’s Sana

အခုချိန်မှာတော့ Twice က ပရ်တ်သတ်တွေဆီက လက်ဆောင်တွေလက်မခံရတော့ဘူးဆိုတဲ့ စည်းမျဉ်းအတိုင်းနေနေပေမယ့် လက်ခံရခဲ့တုန်းကတော့ ကောင်းပေ့ဆိုတဲ့လက်ဆောင်တွေရခဲ့တာနော်။

ဒေါ်လာ ၁၀,၀၀၀ လောက်တန်တဲ့ အဖိုးတန် လက်ကိုင်အိတ်တွေ နာရီတွေ လက်ဆွဲအိတ်တွေအများကြီးကို Sana တစ်ယောက်လက်ခံရဖူးပါတယ်။ အခုလိုအရမ်းမအောင်မြင်သေးတဲ့အချိန်မှာတောင် ဒီလိုရခဲ့တာဆိုတော့ Sana ဘယ်လောက်တောင် စိတ်လှုပ်ရှားခဲ့မလဲ ပြောမပြတတ်အောင်ပါပဲ။

၃။ $10,000 Watch for EXO’s Baekhyun

လူတိုင်းချစ်ကြတဲ့ EXO အဖွဲ့ရဲ့ Main Vocalist လေး Baekhyun ကို ပရိတ်သတ်တွေက သည်းသည်းလှုပ်ချစ်ကြတာမဆန်းပါဘူး။ ပရိတ်သတ်တွေဘယ်လောက်တောင် အချစ်ပိုကြသလဲဆို ၂၀၁၅ ခုနှစ်တုန်းက Baekhyun အတွက်ဆိုပြီး ဒေါ်လာ ၁၀,၀၀၀ တန်တဲ့ အဖိုးတန် Rolex နာရီတစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်။ ဒေါ်လာ ၁၀,၀၀၀ ဆိုတာ မြန်မာငွေနဲ့တွက်ကြည့်ရင် သိန်း ၁၅၀ နီးပါးရှိလို့ ဒီပရိတ်သတ်တွေရဲ့အချစ်ကတော့ အံ့မခန်းပါပဲ။

၄။ A Forest for IU

IU ရဲ့ပရိတ်သတ်တွေဖြစ်တဲ့ UAENA လေးတွေရဲ့အစွမ်းကတော့ ပြောမပြတတ်အောင်ပါပဲ။ သူတို့ idol ရဲ့မွေးနေ့အတွက် တောအုပ်တစ်ခုပေးဖို့ ဒေါ်လာ ၆၁,၀၀၀ တောင်မတည်ခဲ့ပါတယ်တဲ့။ ဒါဟာ မြန်မာငွေ သိန်း ၉ ရာနီးပါပါ။

တောအုပ်ဆိုတာကလည်း သဘာဝပတ်ဝန်းကျင်အတွက်ရော လူထုအတွက်ပါကောင်းကျိုးပေးတဲ့ အရာမို့လို့ ပါရမီရှင်မလေး IU ရော ပရိတ်သတ်တွေကပါ ကောင်းမှုတစ်ခုလုပ်လိုက်သလိုပါပဲ။

၅။Digital Billboard in New York Times Square for NCT’s Taeyong

New York Times Square ဆိုတာ တစ်နေ့တစ်နေ့ဖြတ်သန်းသွားလာတဲ့သူ အများကြီးရှိတဲ့နေရာဖြစ်ပြီး အဲဒီိမှာ Billboard တစ်နေရာစာရဖို့ဆိုတာငွေကြေးအကုန်အကျများပြီး မလွယ်ကူတဲ့ကိစ္စပါ။

ပြောကြတာကတော့ အဲဒီမှာ Billboard တစ်ပတ်စာထောင်ဖို့ ကုန်ကျငွေက ဒေါ်လာ ၃၀,၀၀၀ (မြန်မာငွေ သိန်း ၄၅၀) လောက်ရှိပါသတဲ့။ ဒါပေမယ့် ကံကောင်းတဲ့ NCT’s Taeyong ကတော့ သူ့ရဲ့ပုံကို NewYork Time Square မှာမြင်ရဖို့ ပရိတ်သတ်တွေက မွေးနေ့လက်ဆောင်အဖြစ် ဖန်တီးပေးခဲ့ပါတယ်။

၆။ Full Page Ad in New York Times for Sehun

EXO အဖွဲ့ဝင် အငယ်လေး Oh Sehun ရဲ့အချစ်ခံရမှုကြီးကတော့ လက်ဖျားခါလောက်ပါတယ်။ ပရိတ်သတ်တွေက သူ့ရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အတွက် New York Times သတင်းစာမှာ စာမျက်နှာပြည့်ကြော်ငြာထည့်ပေးဖို့ကို ဒေါ်လာ ၂၀၀,၀၀၀ (မြန်မာငွေသိန်း ၃,၀၀၀) တောင်အကုန်ခံခဲ့ပါတယ်။

ဒါတင်မက ၂၀၁၉ ခုနှစ်တုန်းကလည်း သူ့ရဲ့ တရုတ်က fanbase ဖြစ်တဲ့ OSHBAR ကငွေကြေးအမြောက်အမြားသုံးပြီး Sehun-themed Airplane ကို သုံးလကြာမောင်းနှင်စေခဲ့ပါသေးတယ်။

Source: Kpopstarz
Written: Helra

Share