Categories: Celebrity News

Twitter မှာ Worldwide trend ခဲ့တဲ့ It’s Okay To Not Be Okay ၏အပိုင်း(၉)

Kdrama တစ်ခုအနေနှင့် Twitter မှာ worldwide trend ဖို့ဆိုတာလွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ tvN မှထုတ်လွှင့်တဲ့ It’s Okay To Not Be Okay ဇာတ်လမ်းကတော့ 80k ထက်ကျော်ခဲ့တဲ့ tweets များဖြင့် Twitter မှာပလူပျံခဲ့ပါတယ်။

ဇူလိုင် ၁၈ရက်နေ့မှာ ထုတ်လွှင့်ခဲတဲ့ အပိုင်း၉ ဟာပရိတ်သတ်တွေအတွက် ပျော်စရာလည်းကောင်းခဲ့သလို၊ နောက်ဆုံးပြီးခါနီး ၄မိနစ်၊ ၅မိနစ်ခန့်က ဝမ်းနည်းစေခဲ့ပြီး၊ခံစားရအောင်လည်း လုပ်နိုင်ခဲ့ပါတယ်။

ပရိတ်သတ်တွေဖြစ်စေချင်တဲ့အတိုင်း အပိုင်း(၉) မှာ Gang Tae နဲ့ Moon Young တို့လည်း သူတို့ရဲ့ဆက်ဆံရေး အဆင့်တက်ခဲ့ပါပြီ။ Gang Tae လည်းသူရဲ့ချစ်နေတဲ့စိတ်ကို မဖုံးကွယ်နိုင်တော့ပါဘူး။ အဲ့လို Ro တဲ့အခန်းလေးတွေလည်းပါသလို emotional ဖြစ်တဲ့ဇာတ်ဝန်ခန်းတွေလည်း အပိုင်း၉မှာ မြင်ရပါတယ်။

ပရိတ်သတ်တွေကတော့ Kim Soo Hyun, Seo Ye Ji, နှင့် Oh Jung Se တို့ရဲ့သရုပ်ဆောင်ပီပြင်မှုတွေကို ချီးကျူးနေကြပါတယ်။ သူတို့တွေ Twitter မှာပြောနေကြတဲ့ မှတ်ချက်တွေကတော့…

” Seo Ye Ji, Kim Soo Hyun, Oh Jung See- အရမ်းကိုသရုပ်ဆောင်ကောင်းတယ်။ Baeksang, Oscars တို့ရသင့်တယ်။ သူတို့တွေသရုပ်ဆောင်တာ နှလုံးသားကို တကယ်ထိတယ်” ..”tvN ကငါတို့ကို အပိုင်း၉တစ်ခုတည်းမှာ နမ်းတဲ့အခန်းရော၊ ငိုရတဲ့အခန်းပါ ထည့်ပေးလိုက်တာပဲ” စသည်ဖြင့် မိမိရဲ့ထင်မြင်ချက်တွေကို Twitter မှာ trend ပြီးပြောဆိုနေကြပါတယ်။ ပရိတ်သတ်တွေလည်း အပိုင်း ၁၀ ကြည့်ပြီးရင် မိမိရဲ့အမြင်ကို Twitter မှာ #ItsOkayToNotBeOkayEP10 ဆိုပြီး hashtag နဲ့trend လို့ရပါတယ်နော်။ အပိုင်း ၉ ကြည့်ပြီးတဲ့သူတွေလည်း မိမိရဲ့အမြင်လေး ပြောခဲ့ပါဦး။

(Zawgyi) Twitter မှာ Worldwide trend ခဲ့တဲ့ It’s Okay To Not Be Okay ၏အပိုင်း(၉)






Source: Jazminemedia
Written: Phoo Phoo

Share