Categories: Celebrity News

မိခင်ရဲ့အတိတ်ကလုပ်ရပ်ကြောင့် နောက်ကြောင်းကို ထုတ်ဖော်ပြီး ဝေဖန်ခံနေရတဲ့ Han So Hee

အနုပညာလောကထဲကို အခက်အခဲတွေနဲ့ ကြိုးစားဝင်ရောက်လာခဲ့ပြီးမှ The World Of The Married ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ Han So Hee ကတော့ အောင်မြင်လာတာနဲ့အတူ နောက်ကြောင်းပြန်တူးဆွသူတွေကြောင့် ဝေဖန်ဆဲဆိုမှုတွေကိုလဲ ခံနေရတာတော့ အမှန်ပါ။

အရင်တစ်ခါကလဲ သူ့ရဲ့အတိတ်က နေထိုင်မှုပုံစံကြောင့် ဝေဖန်မှုတွေခံခဲ့ရသလို အခုအခါမှာလဲ မိသားစုအတွင်းရေးကို ထုတ်ဖော်ပြောကြားပြီး တိုက်ခိုက်ခံနေရပြန်ပါပြီ။ တောင်ကိုရီးယားပြည်သူတွေအသုံးများတဲ့ Nate Pann ဆိုတဲ့ website မှာ ပြည်သူတစ်ဦးဟာ မင်းသမီး Han So Hee ရဲ့မိခင်ဆီက ငွေလိမ်လည်ခံခဲ့ရဖူးကြောင်း တင်ခဲ့တာပါ။

‘ဒီစာကိုရေးရခြင်းအကြောင်းကတော့ မင်းသမီး Han So Hee ရဲ့မိခင်ဟာ လူလိမ်ဆိုတာကိုသိစေချင်လို့ပါ’ လို့ အစပြုခဲ့ပြီး Han So Hee အမေဦးဆောင်တဲ့ ငွေကြေးစုဆောင်းတဲ့ လုပ်ငန်းမှာ ကိုရီးယားဝမ် ၂,၄၅၀,၀၀၀ ထည့်ဝင်ခဲ့ရာက သူ့ရဲ့ရသင့်တဲ့အကျိုးအမြတ်ရရမယ့် ၂၀၁၆, ဒီဇင်ဘာလဲရောက်ရော ပျောက်ကွယ်သွားပြီး အဆက်အသွယ်မရခဲ့ရာက ရဲတိုင်လိုက်မယ်ဆိုမှ ဂရုစိုက်ခဲ့တယ်လို့ ပြောထားတာပါ။

အဲ့ဒီနောက်မှာလဲ ပိုက်ဆံပြန်ပေးစရာမရှိတော့ဘူးလို့ ပြောခဲ့ပြီး အခြားအဖွဲ့ဝင်တွေက စာချုပ်မှာလက်မှတ်ထိုးဖို့ပြောပြန်တော့လဲ ဖုန်းနံပါတ်ပြောင်းပြီး ထပ်ပျောက်သွားကြောင်းနဲ့ သူ့သမီးအောင်မြင်ပြီး ပိုက်ဆံတွေရှာနိုင်ရင် အကြွေးပြန်ပေးမယ်ဆိုလို့ နစ်နာသူဟာ Han So Hee ရဲ့အေဂျင်စီကိုပါ သွားရှာခဲ့ဖူးကြောင်း၊ သူ့ဘဝကတော့ ဒီလိုပျက်စီးသွားပေမယ့် Han So Hee ကတော့ သူ့အမေကလူလိမ်ဖြစ်နေတာတောင် တီဗီမှာပေါ်လာပြီးဖြစ်ထွန်းနေတာ သူ့အတွက်ခံစားရကြောင်း၊ အခုချိန်မှာ ပိုက်ဆံလဲပြန်မလိုချင်တော့ပဲ Han So Hee အမေရဲ့အပြစ်အတွက် အပြစ်ဒဏ်ခံယူတာကိုသာ လိုချင်ကြောင်း အများကြီးရင်ဖွင့်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဆက်စပ်ကြည့်တဲ့အခါမှာလဲ Han So Hee ဟာ အဘွားဖြစ်သူအကြောင်းကိုသာပြောခဲ့ပြီး မိခင်အကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိတာကြောင့် ဖြစ်နိုင်ချေရှိတယ်လို့ အင်တာနက်သုံးစွဲသူတွေက ထင်ကြေးပေးနေကြပြီး အကယ်၍ ဟုတ်မှန်ခဲ့ရင်တောင် Han So Hee ကတော့ သူ့ခြေထောက်ပေါ်သူရပ်ပြီး ကြိုးစားခဲ့သူဖြစ်လို့ ဒီကိစ္စအတွက် ဝေဖန်စရာမလိုဘူးလို့လဲ ပရိတ်သတ်အချို့က ကာကွယ်ပေးနေကြသလို အချို့ကလဲ ဒီလောက်အောင်မြင်နေတာတောင် အမေ့ရဲ့အကြွေးကို မသိချင်ယောင်ဆောင်နေတယ်လားလို့ ဝေဖန်ပြစ်တင်နေကြပါတယ်။

(Zawgyi) မိခင္ရဲ့အတိတ္ကလုပ္ရပ္ေၾကာင့္ ေနာက္ေၾကာင္းကို ထုတ္ေဖာ္ၿပီး ေဝဖန္ခံေနရတဲ့ Han So Hee

အႏုပညာေလာကထဲကို အခက္အခဲေတြနဲ႔ ႀကိဳးစားဝင္ေရာက္လာခဲ့ၿပီးမွ The World Of The Married ဇာတ္လမ္းတြဲနဲ႔ ေအာင္ျမင္မႈရရွိခဲ့တဲ့ Han So Hee ကေတာ့ ေအာင္ျမင္လာတာနဲ႔အတူ ေနာက္ေၾကာင္းျပန္တူးဆြသူေတြေၾကာင့္ ေဝဖန္ဆဲဆိုမႈေတြကိုလဲ ခံေနရတာေတာ့ အမွန္ပါ။

အရင္တစ္ခါကလဲ သူ႔ရဲ့အတိတ္က ေနထိုင္မႈပုံစံေၾကာင့္ ေဝဖန္မႈေတြခံခဲ့ရသလို အခုအခါမွာလဲ မိသားစုအတြင္းေရးကို ထုတ္ေဖာ္ေျပာၾကားၿပီး တိုက္ခိုက္ခံေနရျပန္ပါၿပီ။ ေတာင္ကိုရီးယားျပည္သူေတြအသုံးမ်ားတဲ့ Nate Pann ဆိုတဲ့ website မွာ ျပည္သူတစ္ဦးဟာ မင္းသမီး Han So Hee ရဲ့မိခင္ဆီက ေငြလိမ္လည္ခံခဲ့ရဖူးေၾကာင္း တင္ခဲ့တာပါ။

‘ဒီစာကိုေရးရျခင္းအေၾကာင္းကေတာ့ မင္းသမီး Han So Hee ရဲ့မိခင္ဟာ လူလိမ္ဆိုတာကိုသိေစခ်င္လို႔ပါ’ လို႔ အစျပဳခဲ့ၿပီး Han So Hee အေမဦးေဆာင္တဲ့ ေငြေၾကးစုေဆာင္းတဲ့ လုပ္ငန္းမွာ ကိုရီးယားဝမ္ ၂,၄၅၀,၀၀၀ ထည့္ဝင္ခဲ့ရာက သူ႔ရဲ့ရသင့္တဲ့အက်ိဳးအျမတ္ရရမယ့္ ၂၀၁၆, ဒီဇင္ဘာလဲေရာက္ေရာ ေပ်ာက္ကြယ္သြားၿပီး အဆက္အသြယ္မရခဲ့ရာက ရဲတိုင္လိုက္မယ္ဆိုမွ ဂ႐ုစိုက္ခဲ့တယ္လို႔ ေျပာထားတာပါ။

အဲ့ဒီေနာက္မွာလဲ ပိုက္ဆံျပန္ေပးစရာမရွိေတာ့ဘူးလို႔ ေျပာခဲ့ၿပီး အျခားအဖြဲ႕ဝင္ေတြက စာခ်ဳပ္မွာလက္မွတ္ထိုးဖို႔ေျပာျပန္ေတာ့လဲ ဖုန္းနံပါတ္ေျပာင္းၿပီး ထပ္ေပ်ာက္သြားေၾကာင္းနဲ႔ သူ႔သမီးေအာင္ျမင္ၿပီး ပိုက္ဆံေတြရွာနိုင္ရင္ အေႂကြးျပန္ေပးမယ္ဆိုလို႔ နစ္နာသူဟာ Han So Hee ရဲ့ေအဂ်င္စီကိုပါ သြားရွာခဲ့ဖူးေၾကာင္း၊ သူ႔ဘဝကေတာ့ ဒီလိုပ်က္စီးသြားေပမယ့္ Han So Hee ကေတာ့ သူ႔အေမကလူလိမ္ျဖစ္ေနတာေတာင္ တီဗီမွာေပၚလာၿပီးျဖစ္ထြန္းေနတာ သူ႔အတြက္ခံစားရေၾကာင္း၊ အခုခ်ိန္မွာ ပိုက္ဆံလဲျပန္မလိုခ်င္ေတာ့ပဲ Han So Hee အေမရဲ့အျပစ္အတြက္ အျပစ္ဒဏ္ခံယူတာကိုသာ လိုခ်င္ေၾကာင္း အမ်ားႀကီးရင္ဖြင့္ခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္ၿပီး ဆက္စပ္ၾကည့္တဲ့အခါမွာလဲ Han So Hee ဟာ အဘြားျဖစ္သူအေၾကာင္းကိုသာေျပာခဲ့ၿပီး မိခင္အေၾကာင္းကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိတာေၾကာင့္ ျဖစ္နိုင္ေခ်ရွိတယ္လို႔ အင္တာနက္သုံးစြဲသူေတြက ထင္ေၾကးေပးေနၾကၿပီး အကယ္၍ ဟုတ္မွန္ခဲ့ရင္ေတာင္ Han So Hee ကေတာ့ သူ႔ေျခေထာက္ေပၚသူရပ္ၿပီး ႀကိဳးစားခဲ့သူျဖစ္လို႔ ဒီကိစၥအတြက္ ေဝဖန္စရာမလိုဘူးလို႔လဲ ပရိတ္သတ္အခ်ိဳ႕က ကာကြယ္ေပးေနၾကသလို အခ်ိဳ႕ကလဲ ဒီေလာက္ေအာင္ျမင္ေနတာေတာင္ အေမ့ရဲ့အေႂကြးကို မသိခ်င္ေယာင္ေဆာင္ေနတယ္လားလို႔ ေဝဖန္ျပစ္တင္ေနၾကပါတယ္။

Source : Koreaboo
Written : Dar Dar

Share