တောင်ကိုရီးယား ၂၀၂ဝနှစ်ဝက်အတွက် ကြော်ငြာလောကို အလွှမ်းမိုးဆုံး မင်းသား (၃) ဦးကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ဒါဟာအခုပထမနှစ်ဝက်အတွင်း ကြော်ငြာစာချုပ် ချုပ်နိုင်ခဲ့တဲ့ အရေအတွက်အပေါ် မူတည်ပြီး ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။
ဒီမင်းသား (၃) ဦးကတော့ ပရိတ်သတ်တွေလည်း ချစ်ကြတဲ့သူတွေပါပဲ။
1.Lee Min Ho
ဇူလိုင်လ ၇ ရက်နေ့ On သတင်းရဲ့ထုတ်ပြန်ချက်အရ Lee Min Ho ဟာ ပထမနှစ်ဝက်အတွင်းမှာပင် ကြော်ငြာ (၉) ခုနှင့် စာချုပ်ချုပ်နိုင်ခဲ့ပါတယ်။ ထိုကြော်ငြာတွေမှ ရနိုင်တဲ့ ငွေကြေးပမာဏ ဟာဆိုရင် ( US $7.8 million) ပဲဖြစ်ပါတယ်။
အခုလိုကြော်ငြာတွေကိုလက်ခံရရှိနိုင်ခဲ့တဲ့ အကြောင်းအရင်းကတော့ လတ်တလောမှာ ထွက်ရှိခဲ့တဲ့ The King ဇာတ်လမ်းတွဲမှ သူရဲ့ ဆွဲဆောင်မှုရှိပုံရိပ်တွေကလည်း တစ်ခုအပါအဝင် ဖြစ်တယ်လို့သိရပါတယ်။ ထိုဇာတ်လမ်းတွဲထဲမှာ Lee Min Ho ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေရော Accessories များပါ အကုန်ရောင်းထွက်ကုန်ခဲ့တယ်လို့လည်း သိရပါတယ်။
2.Kim Soo Hyun
Kim Soo Hyun ကတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ကြော်ငြာ (၅) ခုနှင့် စာချုပ်ချုပ်ခဲ့ပြီး ရရှိမည့်ငွေကြေးစုစုပေါင်းကတော့ ( US $3.8 million) ကျော်တယ်လို့ သိရပါတယ်။
Kim Soo Hyun ကြော်ငြာရိုက်ကူးပေးခဲ့တဲ့ ထုတ်ကုန်ပစ္စည်းမှန်သမျှဟာလည်း ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တဲ့ စံချိန်တွေရှိခဲ့ဖူးပါတယ်။ လတ်တလောမှာလည်း Moon Kang Tae ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားပါတယ်
3. Park Seo Joon
တတိယနေရာမှာရှိတဲ့ နောက်ထပ်ကြော်ငြာမင်းသား တစ်ဦးကတော့ Park Seo Joon ပါပဲ။ ၂၀၁၉ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေကလည်း ပရိတ်သတ်ကြားမှာ ရေးပန်းစားခဲ့တာချည်းပါပဲ။
2020 ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Itaewon Class ဇာတ်လမ်းရဲ့ အောင်မြင်မှုနောက်မှာ ယခုလို ကြော်ငြာတွေဆက်တိုက် လက်ခံရရှိနေပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ IU နှင့်အတူ Dream ရုပ်ရှင်ကို ရိုက်ကူးနေပါတယ်။
2020 နှစ်ဝက်အတွက် ကြော်ငြာမင်းသား (၃) ဦးကိုတော့ ဖော်ပြပေးလိုက်ပါပြီ။ ကိုယ်ချစ်တဲ့မင်းသားတွေ ပါလို့ဝမ်းသာကြလိမ့်မယ်လို့လည်း ထင်ပါတယ်။
Source: Lovekpop95
Written: Phoo Phoo