Categories: Celebrity News

အကြိုက်ဆုံး Marvel Hero တွေကို ကိုယ်စီပြောပြလိုက်တဲ့ ကမ္ဘာ့ထိပ်တန်း KPoP အဖွဲ့ BTS

Idol တွေက Super Heros တွေမဟုတ်ပေမယ့် သူတို့ကို အားပေးတဲ့ ပရိတ်သတ်တွေအတွက်ကတော့ Idol တွေဆိုတာဟာ Hero တွေပါပဲ။ ဒီတော့ ဒီနေ့မှာ BTS အဖွဲ့ဝင်များနဲ့ သူတို့ရဲ့ အသည်းစွဲ Marvel Super Heros တွေကို ပြောပြပေးသွားပါမယ်။

BTS ကသူတို့ရဲ့ Idol choreography တစ်ချို့မှာ သူတို့ရဲ့ Favorite Super Hero တွေရဲ့ စတိုင်တချို့ကို Inspiration ယူကာ ဖန်တီးခဲ့ကြပါတယ်။ Jimin က ပင့်ကူလူသားဆန်ဆန်ပိုစ့်များကို ပေးနေချိန် RM ကတော့ Captain America လိုမျိုး ဒိုင်းကာနဲ့ ပိုစ့်ပေးနေခဲ့ပါတယ်။

V ကတော့ Avengers ရုပ်ရှင်ထဲက Iron Man လို လက်ဝါးကိုဖြန့်ပြနေခဲ့ပါတယ်။ ဒါ့အပြင် Avengers: Endgame ရဲ့ Premiere ကာလအတွင်းမှာဘဲ BTS က သူတို့ရဲ့ အကြိုက်ဆုံး Marvel Super Heros ဇာတ်ကောင်တွေကို ပြောပြခဲ့ပါသေးတယ်။

RM ကတော့ သူ Iron Man ကို အကြိုက်ဆုံးဖြစ်ကြောင်း အမြန်ကို ဖြေခဲ့ပြီး V ကတော့ Dr.Strange ကို ကြိုက်ကြောင်းနေချိန်မှာပဲ RM က သူလည်းသဘောကျကြောင်း ထပ်မံပြောပြခဲ့ပါတယ်။

BTS ရဲ့ ခေါင်းဆောင်ဖြစ်ပြီး IQ 148 ရှိတဲ့ Kim Namjoon ကတော့ သူနဲ့ ကိုက်ညီတဲ့ Iron Man ကိုပဲ ရွေးချယ်ထားပါတယ်။ ဘာလို့လဲဆိုတော့ Iron Man ကလည်း ထက်မြတ်ပြီး Avengers ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်နေလို့ပါ။

J-Hope ကတော့ Thor ကိုကြိုက်ပြီး သူ့ရဲ့တူနဲ့ မြေကြီးကို ထုလိုက်တဲ့အချိန် အကြိုက်ဆုံးလို့ပြောပြထားပါတယ်။ Suga တစ်ယောက်ကတော့ တော်တော်စဉ်းစားယူခဲ့ရပါတယ်။ ပြီးတော့ သူက Jin နောက်လိုက်ပြီး Iron Man ကို ကြိုက်တယ်ဆိုပါတယ်။

မကြာခင်ကမှာ BTS ကို တွစ်တာမှာ Follow ခဲ့တဲ့ Deadpool မင်းသား Rayn Reynolds ရဲ့အကြောင်းကို RM ကပြောပြီးချိန်မှာ Jungkokook က Infinity War နဲ့ Endgame ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Thanos ကို ရွေးချယ်ခဲ့ပါတယ်။

ပြောပြောပြီးချင်းပဲ Jungkook က ရယ်မောပြီး Iron Man ကိုပဲ ပြန်ရွေးတော့မယ်လို့ ဆိုပြန်ပါတယ်။ BTS က သူတို့ရဲ့ ကိုယ်ပိုင် Super Hero သီချင်းလို့ဆိုနိုင်တဲ့ Anpanman သီချင်းလည်းရှိပါတယ်။

အဲ့သီချင်းက ဂျပန်ကာတွန်းဇာတ်ကောင်အကြောင်းကို ဆိုထားတာဖြစ်ပေမယ့် သူတို့ ဒီသီချင်းကနေပြောချင်တာကတော့ သူတို့က ပါဝါတွေရှိတဲ့ လူစွမ်းကောင်းတွေမဟုတ်ပေမယ့် သူတို့က လူတွေကို ကူညီချင်ပါတယ်ဆိုပြီး ဖြစ်ပါတယ်။

Source: Showbiz CheatSheet
Written: S.Kaung

Share