Categories: Celebrity News

မဂ္ဂဇင်းတစ်ခုထဲမှာ တူတူမြင်တွေ့ရမယ့် GOT7 JB နဲ့ BrightWin

GOT7 ရဲ့ JB နဲ့ BrightWin တို့ကို ဩဂုတ်လထုတ် Sudsapda မဂ္ဂဇင်းရဲ့ မျက်နှာဖုံး မော်ဒယ်လ်တွေအဖြစ် မြင်တွေ့ရမှာပါ။ ဒီမဂ္ဂဇင်းကတော့ ထူးခြားစွာပဲ မျက်နှာဖုံး နှစ်ဖက်ပါဝင်မယ်လို့ ကြေညာထားပါတယ်။

မျက်နှာဖုံးတစ်ဖက်ရဲ့ မော်ဒယ်လ်ကတော့ GOT7 ရဲ့ JB ဖြစ်ပြီး အခြားတစ်ဖက်ရဲ့ မော်လ်ဒယ်လ်တွေကတော့ BrightWin ပဲဖြစ်ပါတယ်။ ထိုင်းလူမျိုးအဖွဲ့ဝင် Bam Bam ပါဝင်တဲ့ GOT7 ဟာဆိုရင်တော့ ထိုင်းနိုင်ငံမှာ နာမည်အကြီးဆုံး Kpop အဖွဲ့တွေထဲက တစ်ဖွဲ့ပါ။

GOT7 ရဲ့အဖွဲ့ခေါင်းဆောင် JB ဟာလည်း ထိုင်းနိုင်ငံရဲ့ ပရိသတ်အများအပြားရှိတဲ့ အနုပညာရှင်တစ်ဦးပါ။ ဒါ့ကြောင့်လည်း Sudsapa မဂ္ဂဇင်းက JB အား မျက်နှာဖုံးအတွက် အနုပညာရှင်အဖြစ်ရွေးချယ်ခဲ့ပုံရပါတယ်။

ထိုင်းမင်းသားချောများဖြစ်ကြတဲ့ Bright နဲ့ Win ကတော့ မကြာသေးမီက “2gether : The series” မှာပါဝင်သရုပ်ဆောင်ပီးနောက် တစ်ဟုန်ထိုးနာမည်ကြီးလာတာပါ။ ယခုဆိုရင်တော့ Bright နဲ့ Win ဟာ Instagram မှာ Follower အများဆုံးထိုင်းအနုပညာရှင်စာရင်းမှာ ပါဝင်လာပါပီ။

Sudsapda မဂ္ဂဇင်းကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်းတစ်ခုပါ။ မကြာသေးမီက Lee Min Ho၊ Kim Soo Hyun စတဲ့ လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ မင်းသားများလည်း Sudsapda မဂ္ဂဇင်းရဲ့မျက်နှာဖုံးမော်လ်ဒယ်တွေအဖြစ် ပါဝင်ခဲ့ကြပါသေးတယ်။

Sudsapda မဂ္ဂဇင်းရဲ့ ဩဂုတ်လထုတ်မှာတော့ JB ရဲ့ အင်တာဗျူးကို ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့ ဖတ်ရှုနိုင်မှာဖြစ်ပြီး BrightWin ရဲ့ အင်တာဗျူးကိုလည်း ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးနဲ့ ဖတ်ရှုနိုင်မှာပါ။ တစ်ချက်ခုတ်တာနဲ့ သုံးချက်ပြတ်မယ့် မဂ္ဂဇင်းပါပဲ။


ထိုင်းနိုင်ငံမှာ နာမည်ကြီးကျော်ကြားတဲ့အနုပညာရှင်တွေဖြစ်တဲ့ JB နဲ့ BrightWin တို့ပါဝင်ထားတဲ့ မဂ္ဂဇင်းဟာ ရောင်းအားများပြီး အောင်မြင်မှုရရှိမယ်လို့ မျှော်လင့်မိပါတယ်။

(Zawgyi) မဂၢဇင္းတစ္ခုထဲမွာ တူတူျမင္ေတြ႕ရမယ့္ GOT7 JB နဲ႔ BrightWin

GOT7 ရဲ့ JB နဲ႔ BrightWin တို႔ကို ဩဂုတ္လထုတ္ Sudsapda မဂၢဇင္းရဲ့ မ်က္ႏွာဖုံး ေမာ္ဒယ္လ္ေတြအျဖစ္ ျမင္ေတြ႕ရမွာပါ။ ဒီမဂၢဇင္းကေတာ့ ထူးျခားစြာပဲ မ်က္ႏွာဖုံး ႏွစ္ဖက္ပါဝင္မယ္လို႔ ေၾကညာထားပါတယ္။

မ်က္ႏွာဖုံးတစ္ဖက္ရဲ့ ေမာ္ဒယ္လ္ကေတာ့ GOT7 ရဲ့ JB ျဖစ္ၿပီး အျခားတစ္ဖက္ရဲ့ ေမာ္လ္ဒယ္လ္ေတြကေတာ့ BrightWin ပဲျဖစ္ပါတယ္။ ထိုင္းလူမ်ိဳးအဖြဲ႕ဝင္ Bam Bam ပါဝင္တဲ့ GOT7 ဟာဆိုရင္ေတာ့ ထိုင္းနိုင္ငံမွာ နာမည္အႀကီးဆုံး Kpop အဖြဲ႕ေတြထဲက တစ္ဖြဲ႕ပါ။

GOT7 ရဲ့အဖြဲ႕ေခါင္းေဆာင္ JB ဟာလည္း ထိုင္းနိုင္ငံရဲ့ ပရိသတ္အမ်ားအျပားရွိတဲ့ အႏုပညာရွင္တစ္ဦးပါ။ ဒါ့ေၾကာင့္လည္း Sudsapa မဂၢဇင္းက JB အား မ်က္ႏွာဖုံးအတြက္ အႏုပညာရွင္အျဖစ္ေရြးခ်ယ္ခဲ့ပုံရပါတယ္။

ထိုင္းမင္းသားေခ်ာမ်ားျဖစ္ၾကတဲ့ Bright နဲ႔ Win ကေတာ့ မၾကာေသးမီက “2gether : The series” မွာပါဝင္သ႐ုပ္ေဆာင္ပီးေနာက္ တစ္ဟုန္ထိုးနာမည္ႀကီးလာတာပါ။ ယခုဆိုရင္ေတာ့ Bright နဲ႔ Win ဟာ Instagram မွာ Follower အမ်ားဆုံးထိုင္းအႏုပညာရွင္စာရင္းမွာ ပါဝင္လာပါပီ။

Sudsapda မဂၢဇင္းကေတာ့ ထိုင္းနိုင္ငံရဲ့ နာမည္ႀကီးမဂၢဇင္းတစ္ခုပါ။ မၾကာေသးမီက Lee Min Ho၊ Kim Soo Hyun စတဲ့ လၽွမ္းလၽွမ္းေတာက္ ေအာင္ျမင္တဲ့ မင္းသားမ်ားလည္း Sudsapda မဂၢဇင္းရဲ့မ်က္ႏွာဖုံးေမာ္လ္ဒယ္ေတြအျဖစ္ ပါဝင္ခဲ့ၾကပါေသးတယ္။

Sudsapda မဂၢဇင္းရဲ့ ဩဂုတ္လထုတ္မွာေတာ့ JB ရဲ့ အင္တာဗ်ဴးကို ထိုင္းဘာသာ၊ အဂၤလိပ္ဘာသာႏွစ္မ်ိဳးနဲ႔ ဖတ္ရႈနိုင္မွာျဖစ္ၿပီး BrightWin ရဲ့ အင္တာဗ်ဴးကိုလည္း ထိုင္းဘာသာ၊ အဂၤလိပ္ဘာသာ ႏွစ္မ်ိဳးလုံးနဲ႔ ဖတ္ရႈနိုင္မွာပါ။ တစ္ခ်က္ခုတ္တာနဲ႔ သုံးခ်က္ျပတ္မယ့္ မဂၢဇင္းပါပဲ။

ထိုင္းနိုင္ငံမွာ နာမည္ႀကီးေက်ာ္ၾကားတဲ့အႏုပညာရွင္ေတြျဖစ္တဲ့ JB နဲ႔ BrightWin တို႔ပါဝင္ထားတဲ့ မဂၢဇင္းဟာ ေရာင္းအားမ်ားၿပီး ေအာင္ျမင္မႈရရွိမယ္လို႔ ေမၽွာ္လင့္မိပါတယ္။

Source: Sudsapda Magazine Facebook
Written: Gyi Gyi

Share