Categories: Celebrity News

သူတို့ချစ်သူတွေနဲ့အဆင်မပြေဖြစ်ရတာ Lee Min Ho ကြောင့်ဆိုပြီး နိုင်ဂျီရီးယားအမျိုးသားများပြောဆို

Lee Min Ho ကြောင့်အမျိုးသားတွေ အများကြီးနစ်နာရတယ်ဆိုပြီး ပြောဆိုတဲ့အသံတွေ ကြားဖူးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Lee Min Ho ကိုကြည့်လျှင် ရုပ်ရည်၊ အရပ်အမောင်း၊ Body ကအစ ပြောစရာမလိုအောင်ကို ပြည့်စုံနေလို့ပါ။

ဒါ့ကြောင့် Lee Min Ho နဲ့တွေ့ပြီးနောက်ပိုင်း အမျိုးသမီးတွေ လိုချင်တဲ့ချစ်သူစံချိန်စံနှုန်းဟာ မြင့်သွားကြတတ်ပါတယ်။ ဒ့ါကြောင့်ပဲ အချို့အမျိုးသားများက Lee Min Ho ရဲ့ကြည့်ကောင်းနေမှုဟာ သူတို့တွေ ဒုက္ခရောက်နိုင်တယ်ဆိုပြီး ပြောခဲ့ကြဖူးပါတယ်။

အခုလည်း နိုင်ဂျီးရီးယားမှာရှိတဲ့ အမျိုးသားထုကြီးက သူတို့ဆီကမိန်းကလေးတွေ Lee Min Ho ကိုသဲသဲမည်းမည်းကြိုက်နေတာကြောင့် သူတို့တွေအတွက် အဆင်မပြေဖြစ်နေကြောင်း ပြောထားကြပါတယ်။

နိုင်ဂျီးယားအမျိုးသားများက Lee Min Ho ကိုသတိပေးစာပို့တဲ့ သတင်းဟာ Internet တစ်ခွင်ပျံ့နှံ့ခဲ့ပါတယ်။ သတိပေးစာ ပို့ရတဲ့အကြောင်းအရင်းကတော့ လတ်တလောမှာ Lee Min Ho ဟာ နိုင်ဂျီးရီးယား အမျိုးသားတွေရဲ့ ပြိုင်ဘက်ဖြစ်နေလို့ပါတဲ့။

စာထဲမှာပါတဲ့ အကြောင်းအရင်းအချို့ကတော့…

“Dear Hyung, ကျွန်တော်ကတော့ နိုင်ဂျီးရီးယား အမျိုးသားထုကိုယ်စား ဒီစာကိုရေးလိုက်ပါတယ်။ အကို့ရဲ့ Movies, drama တွေမှာပါတဲ့ ပုံရိပ်တွေကြောင့် ကျွန်တော်တို့တွေချစ်သူနှင့် အဆင်မပြေဖြစ်နေရပါတယ်။ အကိုက ကျွန်တော်တို့အတွက် ခြိ်မ်းခြောက်မှုတစ်ခုပါပဲ။ အမှန်အတိုင်းပြောရမယ်ဆိုရင် အကို့ကြောင့်အခုရက်ပိုင်းအတွင်းမှာပဲ ပြတ်သွားတဲ့ အတွဲတွေအတော်လေး များလာပါတယ်။

ကျွန်တော်တို့ကောင်မလေးတွေက အခုနောက်ပိုင်း အင်တာနက်မှာ ကျွန်တော်တို့ရဲ့ပုံတွေထက် အကို့ပုံတွေပဲတင်တော့တယ်။ ဒါ့ကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ရဲ့ကောင်မလေးတွေနဲ့ ဝေးဝေးနေပေးပါ။ ဒါဟာနိုင်ဂျီးရီးယား အမျိုးသားထုရဲ့ တောင်းဆိုမှုပါ”

ဆိုပြီး ရေးသားထားပါတယ်။ ဒီစာကိုဖတ်ပြီး သူတို့တွေအတွက် စိတ်မကောင်းတော့ ဖြစ်မိပင်မဲ့ တဖက်မှာလည်း ရီရတယ်နော်။ ကိုယ်တွေဘဝမှာက ဒီလိုခြိမ်းခြောက်စာက ဘယ်တော့မှမရနိုင်တာကတော့ သေချာပါတယ်။ အားလုံးရော ဒီကိစ္စကို ဘယ်လိုမြင်လဲ။ Comments မှာကိုယ်ရဲ့ အထင်အမြင်ကို ဆွေးနွေးနိုင်ပါတယ်။

Source: Kimchistories
Written: Phoo Phoo

Share