Categories: Celebrity News

IU နဲ့ Yoo In Na တို့နှစ်ယောက်ကြားက အခုထိပြောစမှတ်တွင်နေရတဲ့ အလွဲလေးတစ်ခု

IU နဲ့ Yoo In Na တို့က အသက်ကွာတဲ့မိတ်ဆွေတွေဖြစ်ကြပေမယ့် ညီအစ်မအရင်းအချာတွေလို အမြဲတစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီတတ်ပြီး Yoo In Na ဆိုလည်း IU ပွဲတွေကို အချိန်ရတိုင်း လာအားပေးသူပါ။

ဒီလိုလာအားပေးတတ်လို့လည်း Busan မှာကျင်းပတဲ့ Concert တစ်ခုမှာဒီအဖြစ်အပျက်ဖြစ်ပျက်ခဲ့ရတာပါ။ ဖြစ်ပုံက Busan ပွဲမတိုင်ခင် ပွဲတစ်ပွဲမှာ IU သီချင်းဆိုဖို့ရှိတာကို Yoo In Na ကမအားတဲ့အတွက်မလာနိုင်တော့ကြောင်း message ပို့ခဲ့ပါတယ်။

ဒီ message ကို IU စာပြန်တဲ့အခါ သခွားမွှေးအရသာရေခဲချောင်းဝယ်ခဲ့ပါ (Bring Melona) လို့ပါထည့်ပြီးစာပြန်ခဲ့ပါတယ်။ ဒီစကားက ကိုရီးယားလူမျိုးတွေသုံးနေကြ စကားဝှက်ဖြစ်ပြီး သူ့ရဲ့အဓိပ္ပာယ်က…

“နောက်တစ်ခေါက်ကျရင်လာခဲ့ပါ”

ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပြီးဒါကိုသဘောမပေါက်တဲ့ Yoo In Na ကနောက်ပွဲမှာ တကယ့် Melona ရေခဲချောင်း အချောင်း ၅၀ တောင်ဝယ်ပြီးရောက်ချလာပါတယ်။ Yoo In Na ရဲ့အလွဲအတွက်သူငယ်ချင်းနှစ်ယောက်သားပွဲကျခဲ့ရပြီး ရေခဲချောင်းတွေကိုလည်း တခြား idol တွေကိုပါကျွေးခဲ့ရပါတယ်။

ဒီသူငယ်ချင်းနှစ်ယောက်ရဲ့အဖြစ်ကတော့ ပြောစမှတ်ကိုတွင်ရလောက်အောင်ပါပဲ။ ပရိတ်သတ်တို့ကိုလည်း တစ်ယောက်ယောက်က Bring Melona လို့ပြောလာတဲ့အခါ ရေခဲချောင်းတွေဝယ်မသွားနဲ့ဦးနော်။

Source: K-pop World
Written: Helra

Share