Categories: Celebrity News

အမြဲတမ်းလှနေဖို့အတွက် Gfriend အဖွဲ့ဝင်တွေရဲ့ လျို့ဝှက်နည်း (၄) သွယ်

ပြစ်ချက်ရှာစရာမတွေ့အောင် အပြစ်ကင်းစင်တဲ့ မျက်နှာလှလှလေးတွေ ပိုင်ဆိုင်ထားကြတဲ့ Gfriend အဖွဲ့ဝင်တွေကတော့ သူတို့ရဲ့နဂိုချောမောလှပမှုကို မွမ်းမံပေးတဲ့ လျို့ဝှက်နည်းလမ်းလေးတွေကို Allure မဂ္ဂဇင်းနဲ့ interview မှာ မျှဝေခဲ့ပါတယ်။ အားလုံးအတွက် အသုံးဝင်မယ့် နည်းလမ်းလေးတွေဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်နော်။

၁။ Mild ဖြစ်တဲ့ ပစ္စည်းလေးတွေသာ သုံးပါ


​အလုပ်တွေရှိပြီဆို နေ့တိုင်းမိတ်ကပ်အများကြီး လိမ်းနေရတာမို့ အသားအရည်ကထိခိုက်လွယ်လာတာကြောင့် ပြန်ဖျက်တဲ့အခါမှာတော့ ဓာတုပစ္စည်းနည်းနည်းနဲ့ ထုတ်လုပ်ထားတဲ့ cleanser လေးတွေပဲ သုံးတယ်လို့ Sowon ကပြောခဲ့ပါတယ်။ Yuju တဲ့ Eunha ကလဲ cleanser အပျော့စားလေးတွေပဲ သုံးတာကောင်းကြောင်း ထောက်ခံခဲ့ပါသေးတယ်။

၂​။ ညဘက်သုံးရမယ့် ပစ္စည်းတွေကို နှစ်ဆသုံးပါ


ကြွေရုပ်ကလေးလို ဝင်းအိနေတဲ့ အသားအရည်ရှိတဲ့ Yerin ရဲ့ လျို့ဝှက်ချက်ကတော့ တစ်နေကုန်ပင်ပန်းထားတဲ့ အသားအရည်ကို ညဘက်မှအပြည့်အဝအားဖြည့်ပေးတာပါတဲ့။ ညဘက်မှာ လိမ်းတဲ့ skincare တွေကို နှစ်ထပ်ထပ်လိမ်းလေ့ရှိပါတယ်တဲ့။ Eunha ကလဲ သူ့ရဲ့နှုတ်ခမ်းဖူးဖူးစိုစိုလေးတွေရဲ့ လျို့ဝှက်ချက်က ညမအိပ်ခင် lip balm ကို အထူကြီးလိမ်းတာပါလို့ ဖြည့်စွက်ခဲ့ပါသေးတယ်။

၃။ Mask ကပ်ပါ


SinB လို အပြစ်အနာအဆာကင်းပြီး နူးညံ့စိုပြည်တဲ့အသားအရည်လေးလိုချင်ရင်တော့ mask ကပ်တာ ကောင်းပါလိမ့်မယ်။ အဖွဲ့ဝင်တွေထဲမှာမှ SinB ဟာ ညတိုင်း mask ကိုမမေ့မလျော့ကပ်တတ်သူလို့ ဆိုပါတယ်။ ဘယ်လောက်ပဲနဂိုလှသူဖြစ်ပါစေ ဝိရိယလေးစိုက်ထုတ်ရင်တော့ ပိုပိုပြီးလှမှာပေါ့နော်။

၄။ စက်ကိရိယာတွေရဲ့ အကူအညီကိုယူပါ


ကလေးလေးလို မထိရက်မကိုင်ရက်စရာ အသားအရည်ပိုင်ရှင်လေး Umji ကလဲ သူဒီလိုအသားအရည်မျိုးရဖို့ မျက်နှာသန့်စင်စက်၊ ရေနွေးငွေ့ပေါင်းစက် အစရှိတဲ့ အလှအပအတွက် ထုတ်လုပ်ထားတဲ့ ကိရိယာတွေကို နည်းလမ်းမှန်မှန်နဲ့ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

Gfriend အဖွဲ့ဝင်တွေ လှနေတာကတော့ ဒီအလှအပဆိုင်ရာလျို့ဝှက်ချက်တွေကြောင့်လဲပါသလို အဓိကအချက်ကတော့ Gfriend ဖြစ်နေလို့ပါပဲ။ ပရိတ်သတ်တွေအတွက်လဲ Gfriend ပြောပြတဲ့ နည်းလေးတွေကတော့ အခြေခံလဲကျပြီး အသုံးဝင်မယ်ထင်ပါတယ်နော်။

Source: Koreaboo
Written: Dar Dar

Share