Categories: Celebrity News

‘ဟုတ်ကဲ့ ကျွန်တော်ချောပါတယ်’ ဆိုတဲ့ Jin ရဲ့ မစ္စတာကွန်ဖီးဒန့် အခိုက်အတန့်များ

Worldwide Handsome လို့ အများကရော သူ့ကိုယ်သူရော သတ်မှတ်ထားတဲ့ Jin ကတော့ သူ့ရဲ့ချောမောမှုအတွက် ဘယ်လောက်ယုံကြည်ချက်မြင့်မားနေသလဲဆိုတာ ARMY တွေအသိပါပဲနော်။ တကယ်လဲ confident ဖြစ်ရလောက်အောင် ချောတဲ့ Jin ရဲ့ ရယ်စရာချစ်စရာ moment လေးတွေကို ကြည့်လိုက်ရအောင်။

‘ဟုတ်တယ် ကျွန်တော်က Worldwide Handsome’

Jin ရဲ့ ကွန်ဖီးဒန့်နဲ့ပတ်သတ်တဲ့ iconic moment တွေရဲ့ အစပြုရာဆိုရင်တော့ Worldwide Handsome ကမပါမဖြစ်ပါပဲ။ ကမ္ဘာတစ်လွှားအောင်မြင်မှုနဲ့ သူ့ရဲ့ချောမောမှုကြောင့် ရရှိလာတဲ့ Worldwide Handsome ဂုဏ်ပုဒ်ကို ဘယ်တော့မှရှက်ရွံ့မနေပဲ ဂုဏ်ယူစွာ ထုတ်ဖော်ပြောကြားတတ်ပါတယ်။

‘ဟုတ်ကဲ့ ကျွန်တော်ချောပါတယ်’

၂၀၁၇ ခုနှစ် KBS ရဲ့ Gayo Festival မှာ MC အဖြစ်ပါဝင်ခဲ့တုန်းကလဲ Jin တစ်ယောက်ဟာ သူ့ရဲ့ confidence ကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ပရိတ်သတ်တစ်ယောက်ရဲ့ ‘ချောလိုက်တာ’ ဆိုတဲ့အသံကို ကြားကြားချင်းပဲ အစီအစဉ်တင်ဆက်နေရင်း ‘ဟုတ်ကဲ့ ကျွန်တော်ချောပါတယ်’ လို့ထပြောခဲ့တာကြောင့် အခြား MC တွေဖြစ်တဲ့ Irene, Chanyeol နဲ့ Sana ပါ ပွဲကျခဲ့ရပါတယ်။

‘You’re Handsome but I’m more.’

Worldwide Handsome ကြီးဆိုတော့လဲ ပြည်တွင်းမှာတင်မက နိုင်ငံရပ်ခြားမှာပါ ဂုဏ်ဆာရတာပေါ့လေ။ Billborad Interview တစ်ခုမှာလဲ Jin ဟာ ‘I’m Handsome’ လို့ပေါ်တင် ဝန်ခံခဲ့ပြီး Jimin ကိုလဲ ‘မင်းလဲချောပါတယ် ဒါပေမယ့်ငါကတော့ပိုချောတာပေါ့’ လို့ခပ်တည်တည်ပဲ ပြောခဲ့တာပါ။

‘My lucky charm is my face!’

People now အင်တာဗျူးမှာလဲ ‘မင်းတို့ရဲ့ကံကောင်းစေတဲ့ အဆောင်တွေဘာတွေများရှိလား’ ဆိုတဲ့မေးခွန်းကို အမေးခံရစဉ် အခြားအဖွဲ့ဝင်တွေက အသေအချာစဉ်းစားနေတဲ့အချိန် Jin ကတော့ ‘I have’ လို့ မဆိုင်းမတွဖြေခဲ့ပြီး သူ့ရဲ့ကံကောင်းစေတဲ့ အဆောင်ကတော့ သူ့မျက်နှာပါတဲ့။

‘မွေးကတည်းကချောတာပါ’

Jin အတွက် ချောမောခန့်ညားမှုဆိုတာ ဘယ်လိုအဓိပ္ပာယ်လဲဆိုတဲ့ မေးခွန်းကိုဖြေရတဲ့အခါမှာတော့ ‘ကျွန်တော်က မွေးကတည်းကချောတာဗျ၊ ချောမောမှုက ကျွန်တော့်ဘဝတစ်လျှောက်လုံး ကပ်တွယ်နေတာ’ လို့ ကွန်ဖီးဒန့်ရှိရှိဖြေခဲ့ပါတယ်။

‘စားစရာက အရေးကြီးလား မျက်နှာကအရေးကြီးတာပေါ့’

Law Of Jungle လို တောတွင်းထဲမှာ စွန့်စားရတဲ့ အစီအစဉ်မှာတောင် Jin ဟာ ကွန်ဖီးဒန့်ရှိနိုင်သူပါ။ မှောင်ကြီးမည်းကြီး တောအုပ်ထဲမှာ ဓာတ်မီးတစ်လက်နဲ့ သွားနေရတဲ့အချိန်မှာတောင် ‘စားစရာကအရေးကြီးလား မျက်နှာကအရေးကြီးတာပေါ့ ကျွန်တော့်ကို အများကြီးရိုက်ပေးပါ’ ဆိုပြီး သူ့မျက်နှာကိုမမြင်ရမှာစိုးလို့ ဓာတ်မီးနဲ့ထိုးပြခဲ့ပါတယ်။

‘မျက်နှာချောချောလေးကို ရိုက်လေ’

MV ရိုက်ကူးရေးမှာပဲဖြစ်ဖြစ် photoshoot မှာပဲဖြစ်ဖြစ် Jin တစ်ယောက်ကတော့ ကင်မရာကိုင်ပြီး သူ့အနားကပ်လာသူမှန်သမျှကို ‘မျက်နှာချောချောလေးကို ရိုက်လေ’ ဆိုတဲ့စကားနဲ့အတူ သူ့ရဲ့ချောမောတဲ့မျက်နှာကို အနီးကပ်ရိုက်ခိုင်းတော့တာပါပဲ။

‘မှန်ကြည့်တိုင်းချောနေတာခက်တယ်’

ပြည်တွင်းပြည်ပ ရုပ်သံအစီအစဉ်တွေ အတော်များများမှာ Jin ဟာ သူ့ကိုယ်သူမှန်ထဲမှာကြည့်လိုက်တိုင်း အရမ်းချောတာပဲလို့ ထင်မြင်မိကြောင်းကို ကိုရီးယားဘာသာစကားနဲ့ရော English လိုပါ တွင်တွင်ပြောတတ်ပါတယ်။

‘ဒါပေါ့ ကျွန်တော်ကချောတယ်’

Fans တွေ ဒါမှမဟုတ် အစီအစဉ်တင်ဆက်သူတွေဟာ သူ့ကိုအရမ်းချောတာပဲလို့ချီးကျူးတဲ့အခါ အခြား idol တွေလို ကျေးဇူးပါလို့ ရိုးရိုးတန်းတန်းမပြောပဲ ‘ဒါပေါ့ ကျွန်တော်ချောတာပေါ့’ လို့ အတည်ပေါက်ကြီး နောက်ခဲ့တဲါအချိန်တွေလဲ မနည်းပါဘူး။

‘ရုပ်ချောတာမို့ ပျော်ခဲ့ပါတယ်’

ရုပ်သံအစီအစဉ်တစ်ခုရဲ့ ရိုက်ကူးရေးအပြီးမှာ သူတို့ရဲ့ CEO ဖြစ်တဲ့ Bang PD ကပို့ခဲ့တဲ့ ‘ပျော်ခဲ့လား’ ဆိုတဲ့ message ကို အချောကြီး Jin ကမဆီမဆိုင် ‘ကျွန်တော်ကရုပ်ချောတာမို့ ပျော်ခဲ့ပါတယ်’ လို့ reply ပြန်ခဲ့ဖူးပါသတဲ့။

တကယ်လဲ confident ရှိလောက်တဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ Jin ဟာJin ကတော့ confident အပြည့်နဲ့ ပရိတ်သတ်တွေကို ရယ်မောရအောင်လုပ်တဲ့နေရာမှာ တကယ့်စံပါပဲ။ ပရိတ်သတ်တွေကလဲ သူအဲ့လို confident အပြည့်နဲ့ပြောနေတိုင်း ‘Jin ကသူပြောတာထက်တောင် ပိုချောပေမယ့် အဲ့လိုပြောနေရင် ရယ်ချင်တယ်’ လို့ တညီတညာတည်း မှတ်ချက်ပြုကြပါတယ်။ တကယ်တော့ Jin ရဲ့ confident moment တွေဟာ မဆုံးနိုင်တာကြောင့် ရေးနိုင်သလောက်သာ ရေးသားရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။

Written: Dar Dar

Share