tvN မှာ ဇူလိုင် 29 ရက်နေ့ကစပြီး ဗုဒ္ဓဟူး ကြာသပတေး ထုတ်လွှင့်မယ့် Flower og Evil ဇာတ်လမ်းတွဲမှာ Lee Jun Ki အဓိကမင်းသားအဖြစ် ပါဝင်မယ်ဆိုတာအားလုံးပဲသိပြီးဖြစ်မှာပါ။ သူကဒီ ဇာတ်လမ်းတွဲထဲက သူ့ရဲ့ကာရိုက်တာအကြောင်းကို သိချင်နေသူတွေအတွက်ပြောပြခဲ့ပါတယ်။
Lee Jun Ki နဲ့ Moon Chae Won တိုက လက်ထပ်ထားတဲ့ Baek Hee Sung နဲ့ Cha Ji Wonတို့နေရာက သရုပ်ဆောင်သွားမှာပါ။ Baek Hee Sung ကအတိတ်ကိုဖွက်ထားပြီးကွယ်ကွယ်ဝှက်ဝှက်နေတတ်လို့ ဇနီးဖြစ်သူ စုံထောက်က သံသယနဲ့ သူ့ရဲ့အတိတ်ကို စုံစမ်းရာကစတဲ့ ဇာတ်လမ်းလေးပါတဲ့။
သူ့ရဲ့ character နဲ့ပက်သတ်ပြီး Lee Jun Ki က “Baek Hee Sung ကစံထားရလောက်တဲ့ ခင်ပွန်းကောင်း အဖေကောင်းဖြစ်ပြီး သူ့ရဲ့အတိတ်ကတော်တော်မကောင်းခဲ့တာမို့ လက်ရှိမှာသူရထားတဲ့ မိသားစုဘဝလေးကို အရမ်းတန်ဖိုးထားတဲ့ပုံစံမျိုးပါ” တဲ့။
“ဒါကြောင့် သူမိသားစုကိုဘယ်လိုနည်းနဲ့ပဲပဲ ကာကွယ်မှာပါ”တဲ့။ Baek Hee Sung အနေနဲ့ သရုပ်ဆောင်ရတဲ့အခက်အခဲတွေနဲ့ပက်သတ်ပြီးတော့လည်း “Baek Hee Sung ကအမြဲတမ်း လေးလေးနက်နက်နေတတ်တဲ့သူဖြစ်ပြီးတော့ သူ့ရဲ့လုံးဝမတူတဲ့ personalities ၂ ခုကို ကွဲကွဲပြားပြားသရုပ်ဆောင်ဖို့ကြိုးစားထားပါတယ်” လို့ပြောခဲ့ပါတယ်။
ဒီမတူတဲ့ personality ဆိုတာ အတိတ်က မာထန်ခဲ့တဲ့ ပုံစံနဲ့ လက်ရှိ မိသားစုအပေါ်နွေးထွေးတဲ့ပုံစံကိုပြောတာပါ။ Flower of Evil ဇူလိုင်လ ၂၉ ရက်နေ့မှာ စထုတ်လွှင့်မှာမို့လို့ စောင့်မျှော်နေရတာတွေကျော်လွန်ပြီး ကြည့်ရတော့မယ့် ဇာတ်လမ်းတွဲလေးပါ။ ပရိတ်သတ်အချစ်တော် Lee Jun Ki ကလည်းအများကြီးကြိုးစားထားတာမို့ လက်လွတ်မခံသင့်တဲ့ ဇာတ်လမ်းလေးဖြစ်လာမှာပါ။
(Zawgyi) Flower of Evil ထဲက သူ့ရဲ့ character အကြောင်းပြောပြလာတဲ့ Lee Jun Ki
Source: Soompi
Written: Helra