ထိုင်းနိုင်ငံကတော့ ကမ္ဘာမှာ သူ့ရဲ့ သဘာဝအလှတွေ၊ ယဉ်ကျေးမှုတွေအပြင် ဒေသခံံတွေရဲ့ ယဉ်ကျေးပျူငှာမှုတွေကြောင့် The Land of Smiles လို့တောင် တင်စားကြပါတယ်။ အနုပညာသဘင်တွေမှာလည်း ခေတ်အဆက်ဆက်ကတည်းက အမိုင်းအစဉ်အလာကြီးမားတဲ့တိုင်းပြည်မှာ ဒီယခုချိန် ဘယ်သူတွေက ပရိတ်သတ်တွေရဲ့ အားပေးမှုတွေ၊ ကျော်ကြားမှုတွေကို သိမ်းပိုက်ထားတယ်ဆိုတာ ကြည့်ကြစိို့လားခင်ဗျာ။
၁။ Tatchakorn Yeerum
ထိုင်းမှာ Jaa Phanom ဆိုပြီးကျော်ကြားတဲ့ Tatchakorn Yeerum ကတော့ သူ့ရဲ့ အက်ရှင်ကွက်တွေ၊ စတန့်ကွက်တွေ အပြင် ဒါရိုက်တာစတဲ့ အနုပညာမှာ ဘက်စုံပါရမီပါသူဖြစ်ပါတယ်။ ၁၉၇၆ ဖေဖော်ဝါရီ ၅ ရက်မှာ မွေးဖွားပြီး ၁၀ နှစ်သားထဲက မွေ့ထိုင်းကို စတင်သင်ယူခဲ့ပါတယ်။ ငယ်ငယ်လေးထဲက ဂျက်ကီချန်း၊ ဘရုစ်လီ နဲ့ ဂျက်လီတို့ကို အားကျပြီး ကြိုးစားခဲ့တယ်ဆိုပါတယ်။
၂။ Suvanant Kongying
၁၉၇၈ ဇူလိုင် ၂၈၊ ဘန်ကောက်မှာ မွေးဖွားခဲ့တဲ့ Suvanant Kongying ကတော့ Kob လို့ ပရိတ်သတ်တွေက သိကြပြီး သူမဟာ Lakorns လို့ ခေါ်တဲ့ ထိုင်းနာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲများစွာမှာ နေရာယူထားသူပါ။ ရုပ်ရှင်ကားကြီးများလည်း ရိုက်ကူးထားပြီး ပေါပ့်သီချင်းတချို့ကိုလည်း သီဆိုထားပါတယ်။
၃။ Apichatpong Weerasethakul
Joe လို့ ထိုင်းကပရိတ်သတ်တွေသိတဲ့ Apichatpong Weerasethakul ကတော့ ဒါရိုက်တာ၊ ပရိုဂျူဆာ စတာတွေသာမက အခြားအနုပညာအလုပ်တွေပါ လုပ်ကိုင်နေပါတယ်။ သူဟာ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတိုတွေကို ဖန်တီးရာမှာလည်း သရုပ်ဆောင်တွေနဲ့ မဟုတ်ဘဲ အရပ်သားတွေနဲ့ရိုက်ကူးတာကြောင့်လည်း ကျော်ကြားပါတယ်။
၄။ Parinya Charoenphol
Parinya Charoenphol ကတော့ မွေထိုင်းကစားသမား၊ ရုပ်ရှင်မင်းသမီး၊ မော်ဒယ် စတဲ့နေရာတော်တော်များများမှာလည်း ကျော်ကြားသူပါ။ သူမက မွေထိုင်းကစားသမားတစ်ဦးအနေနဲ့ လုပ်ကိုင်ပြီး သူမမိဘကို ရှာကျွေးခဲ့ရပါတယ်။ သူမအသက် ၁၈ နှစ်မှာ လိင်ပြောင်းလဲခွဲစိတ်မှုတွေလုပ်ပြီးနောက် ထိုင်းမှာအကျော်ကြားဆုံးသူ ဖြစ်လာပါတယ်။
၅။ Laila Boonyasak
Laila Boonyasak ကတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ထူးချွန်ဆုများစွာကို ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့ The Love of Siam ရုပ်ရှင်ထဲက ကာရိုက်တာကြောင့် သိပ်ကို နာမည်ကြီးသွားပါတယ်။ သူမက ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာအပြင် မော်ဒယ်တစ်ဦးအနေနဲ့ပါ ပရိတ်သတ်အားပေးခြင်းခံထားရသူပါ။
၆။ Kunimook Bhuwakul
ရပ်ပါ၊ အဆိုတော်၊ သီချင်းရေးစပ်သူ၊ တေးထုတ်သူ စတာတွေအပြင် တစ်ယောက်အနေနဲ့ပါ ကျော်ကြားတာကတော့ တခြားသူမဟုတ်ပါဘူး မိန်းကလေးတွေ သည်းသည်းလှုပ်ကြိုက်ကြတဲ့ တောင်ကိုးရီးယားက Got7 ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့့ Banbam ပါ။ နာမည်ရင်းကတော့ Kunimook Bhuwakul ဖြစ်ပြီး မေ ၂ ရက်နေ့ ဘန်ကောက်မှာမွေးဖွားခဲ့ပါတယ်။ ၂၀၁၇ မှာ သူ့ရဲ့ ကိုယ်ပိုင် ဖက်ရှင် Brand တစ်ခုတည်ထောင်ခဲ့ပြီး ရတဲ့ အမြတ်အစွန်းတချို့ကို Water.org ကိုလှူဒါန်းခဲ့ပါတယ်။
၇။ Rhatha Phongam
Only God Forgives က ကာရိုက်တာကြောင့် ထိုင်းမှာသာမက အနောက်တိုင်းတွေမှာပါ အောင်မြင်ကျော်ကြားနေတဲ့ Rhatha Phongam ကတော့ ရုပ်ရှင်ကားပေါင်းများစွာ၊ ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာ ရိုက်ကူးထားသူပါ။ သူမကို မေ ၁၉၊ ၁၉၈၃ ဘန်ကောက်မှာ မွေးဖွားခဲ့ပါတယ်။
၈။ Utt Panichkul
Utt Panichkul ကတော့ ထိုင်းနဲ့ အမေရိကန်ကပြားပါ။ ၁၉၇၃ စက်တင်ဘာ ၃ ကယ်လီဖိုးနီးယားမှာ မွေးဖွားခဲ့ပြီး MTV Asia မှာ ၁၅ နှစ်ကျော်လောက် VJ အနေနဲ့ လုပ်ကိုင်ခဲ့ရာကနေ ကျော်ကြားလာပါတယ်။ လက်ရှိမှာ ထိုင်းအခြေစိုက် IN Channel မှာ Director of Entertainment အနေနဲ့ ဦးစီးဆောင်ရွက်နေပါတယ်။
၉။ Krissada Sukosol Clapp
Krissada Sukosol Clapp ကတော့ ထိုင်းနဲ့ အမေရိကန်ကပြားပါပဲ။ ၁၉၇၀ ဒီဇင်ဘာ ၂၆ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ဘော်စတွန်တက္ကသိုလ်မှာ ပညာသင်ယူခဲ့ပါတယ်။ ပြဇာတ်မှာပါဝင်ရဖို့ နယူးယောက်မှာ audition ဝင်နေတုန်းမှာ စားပွဲထိုးအနေနဲ့ တစ်ဖက်ကအလုပ်လုပ်ခဲ့ရပါတယ်။ ရုပ်ရှင် ၈ ကားရိုက်ကူးထားပြီးဖြစ်ပါတယ်။
၁၀။ Anne Thongprasom
Anne Thongprasom ကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲရော ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးပြီး အောက်မြင်မှုများစွာ ရရှိထားပါတယ်။ သူမကို ၁၉၇၆ နိုဝင်ဘာ ၁ ရက်နေ့ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး အသက် ၁၃ ထဲက သရုပ်ဆောင်လောကထဲဝင်လာပြီး the Lakorn Song Naree ထဲက အမွှာညီမကာရိုက်တာကြောင့် အရမ်းကိုအောင်မြင်လာပါတော့တယ်။
Source: Poweredbyorange
Written: S.Kaung