Categories: Celebrity News

Seo Ji Hye နဲ့အလုပ်အတူတူလုပ်ရတဲ့ အတွေ့အကြုံကို ပြောပြလာတဲ့ Song Seung Heon

ဇူလိုင် ၁၄ရက်နေ့မှာ Song Seung Heon ဟာ SBS ရဲ့ ရေဒီယိုရှိုးတစ်ခုကို ဧည့်သည့်အဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာလည်း Dinner Mate ဇာတ်လမ်းတွဲ ရိုက်ကူးရေးနှင့် ပက်သက်ပြီး သူ့ရဲ့အတွေအကြုံတွေကို မျှဝေခဲ့ပါတယ်။ မင်းသားက Dinner Mate ဇာတ်လမ်းတွဲ ပြီးဆုံးသွားတာနှင့် ပက်သက်ပြီး နှမြောတသဖြစ်နေတဲ့ပုံပါပဲ။

Song Seung Heon က ” ရိုက်ကူးရေစခဲ့တာ ဘယ်လောက်မှမကြာသေးဖူးလို့တောင် ထင်နေတဲ့ Dinner Mate ဟာအခုတော့ ဇာတ်သိမ်းသွားပါပြီ။ လွန်ခဲ့တဲ့ နှစ်ပတ်ကပဲ ကျွန်တော်တို့ ဇာတ်လမ်းတွဲက အပြီးသတ်ရိုက်ကူးပြီးသွားခဲ့ပါပြီ ။ ထို့နောက် Song Seung Heon ကသူနဲ့အလုပ်တွဲလုပ်ခဲ့တဲ့ မင်းသမီး Seo Ji Hye နှင့်ပက်သက်ပြီးလည်း ပြောပြခဲ့ပါတယ်။

“သူမက သရုပ်ဆောင်တော်တော်လေး ကောင်းပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ အနုပညာရှင်တွေထဲမှာ Seo Ji Hye ရဲ့မျက်လုံးက အလှဆုံးပဲ။ မျက်လုံးအိမ်ကြီးပြီး တော်တော်လေးကို လှတဲ့အထဲမှာပါတယ်။ မင်းသမီး Kim Tae Hee ရဲ့မျက်လုံးလည်း ကြီးပင်မဲ့ Seo Ji Hye ကပိုပြီးမျက်လုံးအိမ် ပိုကြီးတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

Song Seung Heon ကသူရဲ့ အတိတ်က ဇာတ်လမ်းတွဲများအကြောင်းလည်း သတိတရပြောခဲ့ပါတယ်။ ၂ဝဝဝခုနှစ်မှာ အောင်မြင်ခဲ့တဲ့ Autum In My Heart ကလည်း အခုဆိုရင် အနှစ်၂၀ ပြည့်ခဲ့ပါပြီ။

Song Seung Heon က ” Autumn In My Heart ကကျွန်တော့်ကို မင်းသားတစ်ယောက်အဖြစ် ပရိတ်သတ်တွေ အသိအမှတ်ပြုစေခဲ့တဲ့ Drama တစ်ခုပါ။ အဲ့တုန်းက ဇာတ်လမ်းတွဲက ကြည့်ရှူ သူနှုန်း 42% ရရှိခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက ကိုရီးယားဇာတ်လမ်းတွဲကို ပြည်ပနိုင်ငံတွေမှာ ကြည့်တဲ့သူနည်းသေးတယ်။”

“ဇာတ်ကားထုတ်လွှင့် ပြီးနောက်ပိုင်းမှ တောင်ကိုရီးယားဇာတ်လမ်းတွဲတွေကို စိတ်ဝင်စားတဲ့လူလည်းများလာပြီး၊ ကျွန်တော့်အိမ်လာလည်ဖူးတဲ့ နိုင်ငံခြားသား ပရိတ်သတ်တွေတောင် ရှိခဲ့ဖူးတယ်။ အဲ့ဒါကအဲ့အချိန်တုန်းက အရမ်းထူးဆန်းခဲ့တာ။ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို နိုင်ငံတကာမှာပါ ပရိတ်သတ်တွေ ရှိလာလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဖူးဘူး။”

ဆိုပြီး သူရဲ့အတွေ့အကြုံတွေကို ဖွင့်ဟခဲ့ပါတယ်။ ပရိတ်သတ်ကြီးရော Song Seung Heonရဲ့ အနုပညာလက်ရာတွေကို သဘောကျနှစ်သက်ခဲ့ကြလိမ့်မယ်လို့ထင်ပါတယ်။ ပရိတ်သတ်အတွက် အစဉ်အမြဲကြိုးစားတင်ဆက်ပေးနေတဲ့ မင်းသားတစ်လတ်လည်း ဖြစ်တဲ့အတွက် အားပေးရကျိုးလည်းနပ်ခဲ့ပါတယ်။

Source: Soompi
Written: Phoo Phoo

Share