Categories: Celebrity News

တရားခံကိုဖမ်းပြီး မိန်းကလေးတစ်ယောက်ကို သူရဲကောင်းဆန်ဆန် ကယ်တင်နိုင်ခဲ့တဲ့ မင်းသား Kim Min Seok

ဇူလိုင်လ ၁၉ ရက်နေ့မှာ မင်းသား Kim Min Seok ဟာ စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မှာမို့လို့ နောက်ဆုံး military vacation အနေနဲ့ Apgujeong က cafe မှာရှိနေတုန်း မိန်းကလေးတစ်ယောက်ကို အရှက်တကွဲဖြစ်မယ့် အန္တရာယ်က ကယ်တင်ပေးလိုက်နိုင်ကြောင်း Star News သတင်းဌာနကနေဖော်ပြထားပါတယ်။

ဖြစ်ပုံကတော့ ဒီလိုပါ။ သူဟာ အဲ့ဒီ cafe မှာရှိနေတုန်း ယောက်ျားတစ်ယောက်ဟာ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကင်မရာနဲ့ခိုးရိုက်ဖို့ကြံစည်နေတာကို Kim Min Seok ကမိသွားခဲ့ပြီး ရဲစခန်းကိုဖုန်းဆက်ခဲ့သလို ရဲတွေရောက်မလာချိန်အထိ တရားခံကိုထွက်ပြေးလို့မရအောင် ရဲရဲဝံ့ဝံ့တားဆီးခဲ့တယ်လို့ ဆိုပါတယ်။

Kim Min Seok ရဲ့ ရဲရင့်တဲ့လုပ်ရပ်ကြောင့်ပဲ အဆိုပါတရားခံကို လက်ရဖမ်းဆီးနိုင်ခဲ့သလို တရားခံရဲ့ဖုန်းကိုစစ်ကြည့်တော့လဲ မိန်းကလေးများစွာကို ခိုးရိုက်ထားတဲ့ဓာတ်ပုံတွေကို တွေ့ခဲ့ရတာကြောင့် Kim Min Seok ဟာ အခုဖြစ်စဉ်က မိန်းကလေးတစ်ယောက်တည်းကို မဟုတ်ပဲ အခြားနစ်နာသူပေါင်းများစွာကို ဓာတ်ပုံတွေပြန့်ပွားခြင်းက ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သာမာန်ပြည်သူတွေရဲ့ အန္တရာယ်ကို မထီမဲ့မြင်မပြုပဲ တရားခံကိုပါကူဖမ်းပေးတဲ့ Kim Min Seok ရဲ့လုပ်ရပ်ကိုတော့ ကိုရီးယားပြည်သူတစ်ရပ်လုံးက လေးစားမဆုံးဖြစ်နေကြပါတယ်။ ဘယ်နိုင်ငံမှာမဆို Kim Min Seok လိုတာဝန်သိပြည်သူတွေကိုတော့ လိုအပ်နေတာ အမှန်ပါပဲ။

(Zawgyi) မိန္းကေလးတစ္ေယာက္ကို သူရဲေကာင္းဆန္ဆန္ ကယ္တင္နိုင္ခဲ့တဲ့ မင္းသား Kim Min Seok

ဇူလိုင္လ ၁၉ ရက္ေန႔မွာ မင္းသား Kim Min Seok ဟာ စစ္မႈထမ္းတာဝန္ၿပီးဆုံးေတာ့မွာမို႔လို႔ ေနာက္ဆုံး military vacation အေနနဲ႔ Apgujeong က cafe မွာရွိေနတုန္း မိန္းကေလးတစ္ေယာက္ကို အရွက္တကြဲျဖစ္မယ့္ အႏၲရာယ္က ကယ္တင္ေပးလိုက္နိုင္ေၾကာင္း Star News သတင္းဌာနကေနေဖာ္ျပထားပါတယ္။

ျဖစ္ပုံကေတာ့ ဒီလိုပါ။ သူဟာ အဲ့ဒီ cafe မွာရွိေနတုန္း ေယာက္်ားတစ္ေယာက္ဟာ အမ်ိဳးသမီးတစ္ဦးရဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ကင္မရာနဲ႔ခိုးရိုက္ဖို႔ႀကံစည္ေနတာကို Kim Min Seok ကမိသြားခဲ့ၿပီး ရဲစခန္းကိုဖုန္းဆက္ခဲ့သလို ရဲေတြေရာက္မလာခ်ိန္အထိ တရားခံကိုထြက္ေျပးလို႔မရေအာင္ ရဲရဲဝံ့ဝံ့တားဆီးခဲ့တယ္လို႔ ဆိုပါတယ္။

Kim Min Seok ရဲ့ ရဲရင့္တဲ့လုပ္ရပ္ေၾကာင့္ပဲ အဆိုပါတရားခံကို လက္ရဖမ္းဆီးနိုင္ခဲ့သလို တရားခံရဲ့ဖုန္းကိုစစ္ၾကည့္ေတာ့လဲ မိန္းကေလးမ်ားစြာကို ခိုးရိုက္ထားတဲ့ဓာတ္ပုံေတြကို ေတြ႕ခဲ့ရတာေၾကာင့္ Kim Min Seok ဟာ အခုျဖစ္စဥ္က မိန္းကေလးတစ္ေယာက္တည္းကို မဟုတ္ပဲ အျခားနစ္နာသူေပါင္းမ်ားစြာကို ဓာတ္ပုံေတြျပန႔္ပြားျခင္းက ကယ္တင္နိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။

အႏုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ သာမာန္ျပည္သူေတြရဲ့ အႏၲရာယ္ကို မထီမဲ့ျမင္မျပဳပဲ တရားခံကိုပါကူဖမ္းေပးတဲ့ Kim Min Seok ရဲ့လုပ္ရပ္ကိုေတာ့ ကိုရီးယားျပည္သူတစ္ရပ္လုံးက ေလးစားမဆုံးျဖစ္ေနၾကပါတယ္။ ဘယ္နိုင္ငံမွာမဆို Kim Min Seok လိုတာဝန္သိျပည္သူေတြကိုေတာ့ လိုအပ္ေနတာ အမွန္ပါပဲ။

Source: Koreaboo
Written: Dar Dar

Share