Categories: Celebrity News

BLACKPINK ရဲ့(၅) ယောက်မြောက်အဖွဲ့ဝင်လေး အမောင် T.O.P

BLACKPINK အဖွဲ့ဟာ လတ်တလောမှာ How You Like That ဆိုတဲ့ Comeback သီချင်းနှင့် အောင်မြင်မှုတွေဆက်တိုက် ရနေတာပါ။ သူတို့ရဲ့အောင်မြင်မှုအတွက်လည်း အေဂျင်စီတစ်ခုတည်းမှာရှိတဲ့ စီနီယာတွေလည်း ဝမ်းသာနေကြမှာ အမှန်ပါပဲ။ အဲ့အထဲမှာလည်း BIGBANG အဖွဲ့ဝင်တွေ ထိပ်ဆုံးကပါမယ်ထင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ BIGBANG အဖွဲ့ဝင်တွေဟာ BLACKPINK အဖွဲ့အနုပညာလောကထဲကို ဝင်လာတည်းက လက်တွဲခေါ်ယူခဲ့ပြီး တောက်လျှောက်အားပေး လာခဲ့တာပါ။ အခုလည်း ဇူလိုင် ၂၀ ရက်နေ့မှာ BIGBANG အဖွဲ့ဝင် T.O.P ကသူ့ရဲ့ဂျူနီယာ ညီမလေးများကို support ပေးပုံက another level လို့တောင်ပြောရမယ်ထင်တယ်။

ပရိတ်သတ်တွေ ဖန်တီးပေးထာတဲ့ How You Like That ရဲ့ Music Video မှT.O.Pမျက်နှာအစားထိုးထားတဲ့ ဗီဒီယိုတစ်ခုကို သူ့ရဲ့ IG acc မှာတင်ခဲ့ပါတယ်။ကြည့်ရှုသူတွေက Video ကြောင့်လည်း တော်တော်လေး ရီမောခဲ့ရသလို တစ်ဆက်တည်းမှာလည်း ဂျူနီယာလေးတွေအတွက် ပရိုမိုးရှင်းဆင်းပေးခဲ့တဲ့ စီနီယာကြီးရဲ့ သဘောထားကိုလည်း မြင်လိုက်ရပါတယ်။

T.O.P ကလည်း လတ်တလောမှာ YG entertainment နှင့် စာချုပ်အသစ်ထပ်ချုပ် လိုက်ပါပြီ။ မကြာခင်မှာလည်း BIGBANG ရဲ့ comeback လည်းထွက်လာတော့မှာပါ။ BIGBANG ရဲ့ Comeback အလန်းစားကိုလည်း ပရိတ်သတ်ကြီးက စောင့်မျှော်နေကြမယ်လို့လည်း ထင်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share