Categories: Celebrity News

’18 Again’ က သရုပ်ဆောင်စွမ်းရည်ကြောင့် ဒါရိုက်တာရဲ့ ချီးကျူးခံနေရတဲ့ Lee Do Hyun

Hotel Del Luna ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်ရင်ထဲရောက်ရှိလာတဲ့ တက်သစ်စမင်းသား Lee Do Hyun ကတော့ အခုအချိန်မှာ JTBC ကထုတ်လွှင့်မယ့် ’18 Again’ ဆိုတဲ့ ဒရမ်မာအသစ်ကို Kim Ha Neul, Yoon Sang Hyun, Kim Yoo Ri တို့နဲ့အတူ စတင်ရိုက်ကူးနေပါပြီ။

ဇာတ်လမ်းတွဲရဲ့ဒါရိုက်တာ Ha Byung Hoon ကတော့ ‘Lee Do Hyun ဟာ ဟာသရော romance ရော ဇာတ်ရုပ်အမျိုးမျိုးကို သရုပ်ဆောင်နိုင်တဲ့မင်းသားပဲ။ ဒီဒရမ်မာထဲမှာတော့ Lee Do Hyun ဟာ တက်ကြွတဲ့ ၁၈ နှစ်အရွယ်အဖြစ်လဲသရုပ်ဆောင်နိုင်သလို တစ်ဖက်မှာလဲ ဘဝအတွေ့အကြုံရှိတဲ့ ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦး သူ့စိတ်ထဲမှာ ကိန်းအောင်းနေတာကို ပေါ်လွင်အောင်သရုပ်ဆောင်ပြနိုင်ခဲ့တယ်။

ကာရိုက်တာကို အကောင်းဆုံးဖော်ပြနိုင်ဖို့ Lee Do Hyun ဟာစိတ်အားထက်သန်လွန်းသလို ကာရိုက်တာနဲ့ပတ်ပြီး လေ့လာဆွေးနွေးလို့လဲ မဆုံးနိုင်ဘူးဖြစ်နေတာ။ Lee Do Hyun ရဲ့ အဆုံးမရှိတဲ့ ဆွဲဆောင်မှုကို 18 Again မှာ စောင့်ကြည့်ကြပါ’ လို့ Lee Do Hyun ရဲ့စွမ်းရည်နဲ့ ကြိုးစားအားထုတ်မှုကို ချီးကျုးထားပါတယ်။

’18 Again’ ကတော့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်တဲ့ Heo Dae Young ဟာ အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး အခက်အခဲတွေကြောင့် အကောင်အထည်မဖော်ခဲ့ရတဲ့ ငယ်ဘဝအိပ်မက်ကို ဘယ်လိုပြန်လည်အကောင်အထည်ဖော်မလဲဆိုတာ မြင်ရမှာပဲ ဖြစ်ပါတယ်။ The Good Detective ဇာတ်လမ်းတွဲအပြီးမှာ ထုတ်လွှင့်မှာပါ။

Source: Soompi
Written: Dar Dar

Share