Categories: Celebrity News

လာမယ့်အပတ်မှာ စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်တော့မယ့် Zico

Block B အဖွဲ့ဝင်အဖြစ်ရော တစ်ကိုယ်တော် rapper အဖြစ်ရော အောင်မြင်မှုများစွာဆွတ်ခူးနေတဲ့ Zico ကိုတော့ ပရိတ်သတ်တွေ အတန်ကြာလွမ်းနေရဦးမှာပါ။ စစ်မှုထမ်းရမယ့်အချိန်ကို ရောက်ရှိလာပြီဖြစ်တာကြောင့် နောက်အပတ်မှာပဲ စစ်မှုထမ်းဖို့ training လေးပတ်ကို စတင်သွားရောက်ခံယူရတော့မှာကြောင့်ပါ။

သူ့ရဲ့ ကိုယ်ပိုင်အေဂျင်စီဖြစ်တဲ့ KOZ Entertainment ကတော့ ‘Zico ဟာ ဇူလိူင် ၃၀ ရက်နေ့မှာ basic military training လေးပတ်ပြီးတာနဲ့ စစ်မှုစထမ်းရတော့မှာပါ။ Public Service Worker အနေနဲ့ တာဝန်ထမ်းဆောင်မှာပါ’ လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ Zico ရဲ႕ သီချင်းသစ်တွေနဲ့တော့ အတန်ကြာအလှမ်းဝေးနေရဦးမယ်လို့ ဆိုရမှာပေါ့နော်။

Zico ဟာ Block B အဖွဲ့ထဲမှာ လေးယောက်မြောက်စစ်မှုထမ်းသူဖြစ်ပြီး Taeil, B-Bomb နဲ့ U-Kwon တို့ကတော့ စစ်မှုထမ်းနေဆဲပါ။ Zico ဟာ လက်တလောမှာ Mnet ရဲ့ Survival Show ဖြစ်တဲ့ I-Land မှာလဲ ဒိုင်လူကြီးနည်းပြအဖြစ် ပါဝင်နေပြီး မကြာသေးခင်ကမှ Rain နဲ့အတူသီဆိုထားတဲ့ Summer Hate သီချင်းဟာလဲ အောင်မြင်မှုများစွာ ရရှိနေပါတယ်။

Source: Koreaboo
Written: Dar Dar

Share